ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်းနှင့် ရေကူးအသင်းတို့အား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်
မြစ်ကြီးနား ဇွန် ၂ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်းနှင့် ရေကူးအသင်းတို့အား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ အားကစားသမားများအား တွေ့ဆုံပြီး အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိကိုယ်တိုင်၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိပြီး ပြိုင်ပွဲမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ အားကစားသမားကောင်းစိတ်ဓာတ်၊ အကျင့်စာရိတ္တကောင်းတို့ဖြင့် ပြိုင်ဘက်အားကစားသမားများအပေါ် လေးစားမှုဖြင့် ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်းနှင့် ယနေ့ ပေးအပ်လိုက်သည့် အောင်နိုင်ရေးအလံသည် ပြည်နယ်တစ်ခုလုံး၏ ချစ်ခြင်းမေတ္တာ၊ စုစည်းမှုနှင့် မျှော်လင့်ချက်များကို ကိုယ်စားပြုသည့်အတွက် ပြည်နယ်ဂုဏ်ဆောင်…