မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် ၂၀၂၆ ခုနှစ်၊ ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ပြုလုပ်ကျင်းပ
မြစ်ကြီးနား ဇွန် ၁၃ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ၂၀၂၆ ခုနှစ်၊ နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး(၇၅)နေရာတွင် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်ပွဲတည်း သစ်ပင်ပေါင်း (၅၄၈၁၀)ပင်စိုက်ပျိုးသွားမည်ဖြစ်သည့်အတွက် ကချင်ပြည် နယ်မှာလည်း မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းနှင့်ပူတာအိုမြို့မှာလည်း တစ်ပြိုင်တည်း စုစုပေါင်းပျိုးပင်မျိုးစုံ ၅၀၀၀ ပင်စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သစ်ပင်စိုက်ပျိုးပွဲတော်တွင်…