ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ဇေရန်အောင်စေတီတော်၌ ကျင်းပသည့် တတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်တော် လောင်းလှူပူဇော်၊ ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲသို့တက်ရောက်
မြစ်ကြီးနား မေ ၃၀ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တတိယအကြိမ်မြောက် နယုန်လပြည့် မဟာသမယအခါ တော်နေ့ အခမ်းအနားနှင့် သံဃဒါနဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားများကို အောင်ဇေရန်အောင်ဘုရား ပုရဝဏ်၌ ယနေ့ နံနက် ၇ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ကြသည်။ ရှေးဦးစွာ နယုန်လပြည့် မဟာသမယအခါတော်နေ့ အခမ်းအနားကို စေတီတော်ရင်ပြင်၌ ကျင်းပ ရာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက် နယကဆရာတော်၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး…