ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ပြည်နယ်အတွင်း အစိုးရနှင့် ပြည်သူများအကြား စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်နယ်/ ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇန်နဝါရီ ၃၁ ၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီက ပြည်နယ်အစိုးရဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စု ၏ အနှစ်သာရနှင့်ပေါ်လွင်အောင် ပုံရိပ်ကောင်းကောင်းဖြင့် အများပြည်သူယုံကြည်ခိုင်မာလာစေရေး အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ အလားတူ နေပြည် တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်…