ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မြစ်ကြီးနားမြို့နယ်အတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး
မြစ်ကြီးနား ဇန်နဝါရီ ၂၄ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အကျဲကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဆွတ်ရှနန် သဘာဝမြေသြဇာစက်ရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သဘာဝမြေသြဇာများ ထုတ်လုပ်ရောင်းချနေမှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ကုန်ကြမ်းများလွယ်ကူစွာရရှိရေးနှင့် သဘာဝ မြေသြဇာများ အရည်အသွေးကောင်းမွန်၍ ဈေးကောင်းရရှိစေရေးတို့အား လမ်းညွှန်မှာကြားပြီး…