
ပင်မစာမျက်နှာ


တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး (၃)ဘာသာနှင့်အထက်ဂုဏ်ထူးရှင်ရှမ်းတိုင်းရင်းသား/သူများအားဂုဏ်ပြုဆုပေးအပ်
မြစ်ကြီးနား ဒီဇင်ဘာ ၃၀ကချင်ပြည်နယ်အစိုးရအဖွဲ့၊ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၃) ဘာသာနှင့်အထက်ဂုဏ်ထူးရှင် ရှမ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်သည်။ဂုဏ်ပြုဆုပေးပွဲတွင် ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက ဂုဏ်ထူး ရ ရှမ်းတိုင်းရင်းသားကျောင်းသား/သူများအတွက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ရှမ်းမျိုးနွယ်စုစာပေ နှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ပြုံးရည်က ထပ်ဆင့်ဂုဏ်ပြုအမှာစကားပြောကြားသည်။ယင်းနောက် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၄)ဘာသာနှင့် (၅)ဘာသာ(၁)ဦးစီနှင့် (၆) ဘာသာဂုဏ်ထူးရှင်(၂)ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမူရေးဝန်ကြီးဦးနေဝင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ရှမ်းမျိုးနွယ်စု စာပေနှင့်ယာဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေး အပ်ခဲ့ကြသည်။၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌…

ဗန်းမော်ခရိုင်
ဗန်းမော်မြို့နယ် ရွှေကူမြို့နယ် မိုးမောက်မြို့နယ် မံစီမြို့နယ် ဗန်းမော်ခရိုင် ၏ ဒေသဆိုင်ရာအချက်အလက်အား Download ရယူ၍ ဖတ်ရှု့နိုင်ပါသည်။ Township_Cover_and_Content.2doc.pdf Distric__28-2-2017.pdf

နှစ်သစ်ဆုတောင်း
ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းချိန်အခါသမယတွင် နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသော အကြီးအကဲများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများအားလုံးနှင့် မိတ်ဆွေအပေါင်းအသင်းများအားလုံး အတွက် နှစ်သစ်ဆုတောင်း မေတ္တာပို့ အပ်ပါသည် – ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်




(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခမ်းအနား
မြစ်ကြီးနား ဇန်နဝါရီ (၄)(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ယနေ့ နံနက် (၄)နာရီ (၂၀)မိနစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း မြက်ခင်းပြင်၌ နိုင်ငံတော်အလံလွှင့်တင်ပွဲ အခမ်းအနား ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ


(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား မြစ်ကြီးနားမြို့၌ကျင်းပ
မြစ်ကြီးနား ဇန်နဝါရီ ၁၀၁၉၄၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကချင် ပြည်နယ်နေ့ အခမ်းအနားကို ယခုနှစ်အတွက် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အဖြစ် ယနေ့ နံနက် (၈)နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားသည်။နိုင်ငံတော်သမ္မတ၏ (၇၃)နှစ်မြောက် ပြည်နယ်နေ့သဝဏ်လွှာတွင် နိုင်ငံတော်အနေဖြင့် ကချင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရေး…