ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပူဇော်ပွဲအခမ်းအနားကျင်းပနိုင်ရေးနှင့် VIP ဧည့်ရိပ်သာ(ဧရာဝတီ)ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်
မြစ်ကြီးနား မတ် ၁၁ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မင်္ဂလာ အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၁ ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့မှ ကြီးကြပ်ပြီး ပြည်နယ်အတွင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသော သံဃာတော်များ၊ သီလရှင် ဆရာကြီးများ၊ လူပုဂ္ဂိုလ်တို့အား ပူဇော်ဆက်ကပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ များကို ဖွဲ့စည်းထားပြီးဖြစ်ရာ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့အောင်မြင်စွာဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များ နှင့်အညီ ကျင်းပပြုလုပ်ရမည် ဖြစ်ပါကြောင်း၊ ယခု ဘွဲ့တံဆိပ်ဆပ်ကပ်ပူဇော်ပွဲသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား…