ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား အောက်တိုဘာ ၅ ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့် မြန်မာ-တရုတ်ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ လွယ်ကူမြန်ဆန်စွာစနစ်တ ကျဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝရရှိစေရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို အောာက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နယ်စပ်ကုန်စည်စီးဆင်း မှုသည် အဓိကဖြစ်ပါကြောင်း၊ မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စီးဆင်းနိုင် မှသာလျှင် စိုက်ပျိုးရေးထုတ်ကုန်များ သာမက စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူများ အားလုံးကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပုံမှန် အတိုင်း ပြန်လည်စီးဆင်းနိုင်ရေး၊ စနစ်တကျဖြင့် စီမံအုပ်ချုပ်မှုများဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။…