ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကိုဗစ်-၁၉ ကုသရေး စင်တာများနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများအတွက် အောက်စီဂျင်အိုးများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့
မြစ်ကြီးနား စက်တင်ဘာ ၈ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများအတူ မြစ်ကြီးနားမြို့အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ဘာသာရေးအဖွဲ့ အစည်းများမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကုသရေးစင်တာများ၊ အရပ်ဖက်လူမှုကယ် ဆယ်ရေးအသင်းအဖွဲ့များအတွက် အောက်စီဂျင်အိုးများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက် ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ကွင်းဆင်းဆောင် ရွက်ခဲ့ကြသည်။ ရှေးဦးစွာ စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင်ပါဝင်ကူညီဆောင်ရွက်နေကြသော လွတ်လပ်သောတိုင်းရင်းခရစ်ယာန်အသင်းတော်ကျောင်း ၌ အသင်းတော်တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့နှင့် ပတ်သက်၍…