ကချင်ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀)မိုးစပါး စံပြစိုက်ကွက် အတွင်း သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာရောစပ်ကျဲပက်ခြင်းအခမ်းအနားသို့ တက်ရောက် အားပေးပြီး ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား စက်တင်ဘာ ၂၃ ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက (၁၀၀)မိုး စပါးစံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကျဲပက်ခြင်းအခမ်းအနား ကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မန်ခိန်ရပ်ကွက်ရှိ ကွင်းအမှတ် (၃) ဧက (၁၀၀)စံပြ စိုက်ကွက်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးကြသည်။ တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက (၁၀၀)ဆင်းဧကရီ-၃ မိုးစပါး စံပြစိုက်ကွက်အတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် တောင်သူ ၄၀ ဦးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဓာတ်မြေသြဇာအိတ်များ ဖြန့်ဝေပေးအပ်ခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကာ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ရွှေခရု/ငါးအမိုင်နိုအက်ဆစ် အပင်အားတိုးဆေးရည် ဖျော်စပ်အသုံးပြုနည်းများ…