ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် မူလတန်းပြ ဆရာ၊ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကရာတေး/တိုက်ကွမ်ဒို ဗိုလ်လုပွဲနှင့်ဆုချီးမြှင့် အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
မြစ်ကြီးနား မေ ၂၂ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ သင်ကြားရေးစွမ်းရည်တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တက်ရောက်အမှာစကားပြောကြားသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာပြည်နယ်ဝန်ကြီးက အင်္ဂလိပ်စာဟာ ယနေ့ခတ်မှာ ဘာသာစကား တစ်ခုထက်မကဘဲ ဗဟုသုတများလေ့လာရာ တံခါးပေါက်တစ်ခုဖြစ်ပါကြောင်း၊ အထူးသဖြင့် ကလေးများ၏အခြေခံအုတ်မြစ်ကိုချပေးရသည့် “မူလတန်း” အဆင့်တွင် ဆရာ၊ ဆရာမ များ၏ အရည်အသွေးဟာ လွန်စွာအရေးကြီးပါကြောင်း၊ ကလေးများအား အသံထွက် (Phonetics)ကို အခြေခံမှန်မှန်ဖြင့် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကျွမ်းကျင်မှုရှိမှသာ ကျောင်းသား/ကျောင်းသူများ အားယုံကြည်မှုအပြည့်ဖြင့် သင်ကြားပို့ချနိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းမှသင်ယူရရှိသောအသိပညာ၊ အတတ်အပညာများအား လုပ်ငန်းခွင်နှင့် မိမိတို့ဘဝတိုးတက်ရေး…