ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင် မြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ
မိုးညှင်း မေ ၁၀ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်သည် မိုးညှင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်တွေ့ဆုံပွဲကို မေ(၉)ရက်နေ့လည်ပိုင်းက အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက်၌ ကျင်းပသည်။ ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်သည် တိုင်းရင်းသားမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်မှုရှိစေရေး၊ ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် ရင်းနှီးချစ်ခင်မှုများရရှိစေရေးတို့အတွက် ရည်ရွယ်ပြီး မိုးညှင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပြောကြားရာ တက်ရောက်လာကြသည့် ရှမ်းမျိုးနွယ်စုငါးစုမှ တိုင်းရင်းသားပြည်သူများက အဆိုပါ အားကစားပြိုင်ပွဲတွင် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မိုးညှင်းမြို့နယ်တွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ရှမ်းနီ၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းလေနှင့် တိုင်းဆာမျိုးနွယ်စု…