ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေနှင့် ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များ ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဖေဖော်ဝါရီ ၈ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသို့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် အဖွဲ့ဝင်များအတွက် မတည်ရင်းနှီး ငွေများ၊ အဖွဲ့ဝင်ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက အဖွဲ့အနေဖြင့် မွန်မြတ်သည့်ရည်ရွယ်ချက်များနှင့် အခြေခံမူများ၊ ရှေ့လုပ်ငန်းစဉ် များချမှတ်ပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အမျိုးသမီး များဘဝသာယာရေး၊ လူမှုဘဝလုံခြုံရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားရေးတို့အတွက် အမျိုးသမီးရေးရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ ကျေးလက်ဒေသများတွင်…