ကချင်ပြည်နယ်ဝန်ကြီးချုပ် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း(ရေခဲတောင်သွားလမ်း) ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေး၊ ငလျင်ဘေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဒေသဧည့်လမ်းပြသင်တန်း တက်ရောက် ဖွင့်လှစ်ပေး
ပူတာအို ဖေဖော်ဝါရီ ၂၈ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၈ နာရီ က ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီနှင့် ဖုန်ရင်ရာဇီရေခဲတောင် သွားလမ်းတစ်ခုဖြစ်သည့် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း(ရေခဲတောင်သွားလမ်း)ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှတစ်ဆင့်အထက် ဆန်ဂေါင်-မူလာချောင်းကူးတံတားသွားလမ်းပေါ်ရှိ အမြင့်ပေ (၄၇၇၈)ရှိသည့် ရှိန်းလိန်းချက် တောင်ထိပ် လမ်းစီမံကိန်းရုံး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး လမ်းစီမံကိန်းဆိုင်ရာ အချက်အလက် များနှင့်စပ်လျဉ်း၍ လမ်းဦးစီးဌာနမှတာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက်ပြည်ထောင်စုနှင့်…