ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်အားပေး၊ နန့်လှိုင်ခေတ်မီစံပြကျေးရွာ Smart Village စီမံကိန်းကျေးရွာလူထုများနှင့် တွေ့ဆုံ၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၈ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီက မိုးညှင်း တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်အား ပေးခဲ့ကြသည်။ မိုးညှင်းတက္ကသိုလ်၏ ပထမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ရှိ ရတနာ ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘွဲ့ရလူငယ်မောင်မယ် များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။ ဘွဲ့နှင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပါမောက္ခချုပ်နှင့်အတူ စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ ပညာရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ ကြပြီး…