ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆပ်ကော်မတီ အသီးသီးတို့အား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇန်နဝါရီ ၁၉ ကချင်ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဘက်စုံ၊ ထောင့်စုံ မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အားကစားဆပ် ကော်မတီအသီးသီးတို့အား ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားကစား အောင်မြင်မှုသည် ပြည်နယ်၏ ဂုဏ်မြှင့် တင်ရေးကို တိုက်ရိုက်အထောက်အကူပြုလျက်ရှိသည့်အပြင် ပြည်နယ်သူ/ ပြည်နယ်သားများ၏ ထူးချွန်ထက်မြက်မှုနှင့် ထိုထူးချွန်ထက်မြက်မှုများကြောင့် ပေါ်ထွက်လာသည် ပုံရိပ်ကောင်းများကို တစ်နိုင်ငံလုံးသို့ ဖြန့်ကျက်ပျံ့နှံ့၍ သိရှိစေပါကြောင်း၊ ယနေ့ ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက်…