ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် နယ်စပ်ကုန်စည်စီးဆင်းမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရေကူးအားကစားမြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
မြစ်ကြီးနား စက်တင်ဘာ ၂ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ်ကုန်စည်စီးဆင်းမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတို့ကို စက်တင်ဘာ ၂ ရက်တွင် ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ ကချင်တိုင်းရင်းသားအများပိုင်ကုမ္ပဏီ၊ ပြည်နယ်ကုန်စည်ပို့ဆောင် ရေးအသင်း၊ ပြည်နယ်သီးနှံထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ် အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်စိုက်ပျိုး ရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ်ကုန်စည်စီးဆင်းမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်ရေး အတွက် ယူနန်ပြည်နယ်နှင့် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆက်လက်ဆောင်ရွက်…