ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေဝပ်သည့်ရပ်ကွက်များသို့ ကွင်းဆင်း စစ်ဆေးပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်သရုပ်ပြသမှုအခမ်းအနားသို့ တက်ရောက်ကြည့်ရှု
မြစ်ကြီးနား သြဂုတ် ၁၈ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ရနာရီခွဲအချိန်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေဝပ်သည့်ရပ်ကွက်များ၏ မြေပြင်အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ အဖွဲ့သည် ပမ္မတီးရပ်ကွက် နယ်မြေ (၅) ရေဝပ်ရေအိုင်ခြင်းများ အတွက် ရွှေလမ်းမကြီးလမ်းဘေး ဝဲ/ယာ ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်တံတားဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအား ဖြည့်စွက်ညှိနှိုင်းပေး ခဲ့သည်။ယင်းနောက် အဆိုပါရပ်ကွက်ရှိ တောင်သူများ၏ လယ်ယာမြေများအား မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေမြုပ်ဖုံးလွမ်းမှု မရှိစေရန် ရေနုတ်မြောင်းများ တူးဖော်ဖောက်လုပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်ဖောင်းနယ်မြေရှိ ဝဥ စိုက်ပျိုးထားခြင်း ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား လေ့လာကြည့်ရှုပြီး အဆိုပါ…