
ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဧပြီ ၁ ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီက မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဧပြီ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာ့မီးရ ထားသည် မိမိတို့ ကချင်ပြည်နယ်နှင့် ပြည်နယ်သူ/ ပြည်နယ်သားများအတွက် ခရီးသွားလာရာတွင် လည်းကောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း နှစ်ပေါင်းများစွာ အကျိုးပြုတာဝန်ယူ ခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပြီး မီးရထားသွား/ လာမှုရပ်ဆိုင်းထားခဲ့ရသော်လည်း ရထားကိုအသုံးပြုသွားလာနေရသည့် ပြည်သူများအခက်အခဲဖြစ် ပေါ်လာသည့်အတွက် မီးရထားဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းပီပီ တာဝန်ကျေပွန်အောင်ထမ်း ဆောင်သွားရမည်ဖြစ်ပေါကြောင်း မှာကြားသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုး ဆွေနှင့်…