ပူတာအိုခရိုင်အတွင်း နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်း ပြည့်ထိုးနှံနိုင်ရေး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တာဝန်ရှိသူများနှင့်တွေ့ဆုံ
ပူတာအို ဧပြီ ၉ ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဧပြီလကုန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ(၈)ရက် မွန်းလွှဲ(၂)နာရီတွင် ပူတာအိုခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူတာအိုမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ရိပ်သာဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ် ငန်းအား ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ကာကွယ်ဆေးသတ်မှတ်ကာလအမီ ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းလိုအပ်ချက် များကိုတင်ပြကြစေလိုကြောင်းပြောကြားပြီး ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မှုအခြေအနေ၊ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိမှုအခြေအနေများ၊ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်လိုအပ်ချက်များ၊အခက်အခဲများ၊ပံ့ပိုးကူညီပေးရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။ ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည်…