admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့ ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲ ကွန်ကရစ်လမ်းသစ်၊ မိုးညှင်းတက္ကသိုလ် မုဒ်ဦးနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာတို့အားဖွင့်လှစ်ပေး ပြီး ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားစေရေး ပေါင်းစပ်ညှိနှိုင်းဆွေး

မိုးညှင်း          ဖေဖော်ဝါရီ ၁၆           ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ကို ဖွင့်လှစ်ပေးကြသည်။           ရှေးဦးစွာ ဟဲလုံကျေးရွာအုပ်စု၊ ပျော်ဘွယ်ကျေးရွာနှင့် ပင်းဟဲအုပ်စု တဲကြီးကုန်းကျေးရွာသို့ ဆက်သွယ်ထားသော အရှည် ၂ မိုင်၊ အကျယ် ၁၆ ပေ ကွန်ကရစ်လမ်းသစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဦးက ရှင်းလင်းတင်ပြပြီး ကွန်ကရစ်လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီရုံးဖွင့်လှစ်ပေးပြီး မိုးညှင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

မိုးညှင်း          ဖေဖော်ဝါရီ ၁၄           ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေး ကော်မတီရုံးအား ဖွင့်လှစ်ပေးပြီး မိုးညှင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင် ရွက်သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ တန်ဘောင်ကျေးရွာအတွင်းရှိ KEP ရုံးဝင်းအတွင်း ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီရုံးဖွင့်ပွဲသို့ တက်ရောက်ပြီး ကော်…

Read More

မြစ်ကြီးနားတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၄           မြစ်ကြီးနားတက္ကသိုလ်ရှိ ကျောင်းသား/သူများအား စာပေပညာရပ်တွင်သာမက ဘက်စုံ ထူးချွန်သူများဖြစ်စေရန်နှင့် အဆိုဝါသနာရှင်များအား ထူးချွန်သော အဆိုပညာရှင်များအဖြစ် မွေးထုတ်‌ပေးနိုင်ရေး တက္ကသိုလ်၏ အနုပညာလှုပ်ရှားမှုအစီအစဥ်တစ်ရပ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉နာရီ အချိန်က မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး ‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးသည်။           ရှေးဦးစွာ သီချင်းဆိုပြိုင်ပွဲကော်မတီဝင် ပါမောက္ခ၊ ဆရာ/ဆရာမ များက မြကျွန်းညိုညို တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ယင်းနောက် ပြည်နယ်အစိုးရဖွဲ့လူမှုရေးရာဝန်ကြီး…

Read More

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးသည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ ထပ်မံရင်းနှီးမတည် ပေးရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးသပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း ခရိုင်/ မြို့နယ်များအလိုက်စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မား လာရေးအတွက် ရန်ပုံငွေများကို တောင်သူများ လက်ဝယ်အရောက် ရင်းနှီးမတည် ဆောင်ရွက်ပေး လျက်ရှိရာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊  ထပ်မံရင်းနှီးမတည်ပေးရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်  ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ သုံးသပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။            ရှေးဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ် အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမအသင်းစုလုပ်ငန်းများနှင့် MSME  လုပ်ငန်းများအတွက် တောင်သူများထံ ရန်ပုံငွေများ မတည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ရိုးရာမနောအက၊ ယဉ်ကျေးမှု ပဒေသာကပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၂           (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားရိုးရာမနောအက၊ ယဉ်ကျေးမှုပဒေသာအကဖျော်ဖြေပွဲတို့ဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခဲ့ ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။           ထို့နောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့်ဇနီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီး စီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်းနှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကမ္ဗည်းတိုင် နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ပေး၊ ပဉ္ဇမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်း နှစ်(၅၀)ပြည့် ကျောက်စိမ်း၊ ကျောက်စာကဗ္ဗည်းတိုင်နှင့် ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ လူထုစုပေါင်း စက်ဘီးစီးနှင်းပွဲကို မနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းရှေ့မှ စတင်တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အားပေးခဲ့ကြပြီး စက်ဘီးစီးနှင်းသူများသည် အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေ လမ်းတစ်လျှောက် ဘူတာရုံရှေ့မှတစ်ဆင့် အဆိုပါ လမ်းကြောင်းအတိုင်း အားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြကာ  ဘောလုံးကွင်း ပြေးလမ်း၌ စီးနှင်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချူပ်နှင့်…

Read More

မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံသရုပ်ပြပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲများနှင့် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်တောင်သူများသို့ မျိုးစေ့၊ ပျိုးပင်၊ လုပ်ငန်းသုံး ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲများကျင်းပ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၀           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြပွဲနှင့် စုပေါင်းသွေးလှူဒါန်း ပွဲတို့ကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၈ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ရုံးသို့ လာရောက် သည့် ပြည်သူများနှင့် ဝန်ထမ်းများ အပန်းဖြေအနားယူနိုင်ရေး တည်ဆောက်ခဲ့သည့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို ရုံးဝင်းအတွင်းရှိ အဆိုပါဥယျာဉ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အခြေခံရေကူးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉           (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်ထောင်စုနေ့ ဦးတည်ချက်များနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိ သူများနှင့် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။           ထိုသို့ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စု နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား၊ နေပြည်တော်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် ကျင်းပပြုလုပ်မည့် အထိမ်းအမှတ်အခမ်းအနား၊ ပြခန်း၊ ဒေသထွက် အစားအစားပြခန်းများပြသနိုင်ရေး ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး စီစဉ် ဆောင်ရွက်နေကြပြီ ဖြစ်သည့်အတွက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရရှိရှိဖြင့်…

Read More

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေနှင့် ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈           ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသို့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် အဖွဲ့ဝင်များအတွက် မတည်ရင်းနှီး ငွေများ၊ အဖွဲ့ဝင်ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက အဖွဲ့အနေဖြင့် မွန်မြတ်သည့်ရည်ရွယ်ချက်များနှင့် အခြေခံမူများ၊ ရှေ့လုပ်ငန်းစဉ် များချမှတ်ပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အမျိုးသမီး များဘဝသာယာရေး၊ လူမှုဘဝလုံခြုံရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားရေးတို့အတွက် အမျိုးသမီးရေးရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ ကျေးလက်ဒေသများတွင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သဘာဝအတိုင်းပေါက်ရောက်သည့် ဝါးကို အခြေခံ သည့် စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစုအဖွဲ့အသီးသီးနှင့် ပူးပေါင်း၍ ခရိုင်အလိုက် ဒေသဝါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈           ကချင်ပြည်နယ်အတွင်း သဘာဝအတိုင်း ပေါက်ရောက်သည့် ဝါးကို အခြေခံသည့် စက်မှု လက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒေသမျိုးရင်းဝါးမျိုးများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အကြီး အကဲက သဘာဝအတိုင်း ပေါက်‌ရောက်သည့် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင် ရန်အတွက် သတ်မှတ်ဝါးမျိုးများကို နေရာများသတ်မှတ်ပြီး စိုက်ပျိုးသွားရန် လမ်းညွှန်မှုပြုခဲ့ပါသ ဖြင့် မိမိတို့ပြည်နယ်အတွင်း ဝါးပျော့ဖတ်ဖြင့် နှစ်ဖက်ချောစက္ကူထုတ်လုပ်နိုင်သော စက်ရုံတည် ဆောက်နေပြီဖြစ်သည့်အတွက် ဒေသတွင်း ပေါက်ရောက်သည့် ဝါးမျိုးများကို…

Read More