ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်း/အဖွဲ့များနှင့် မျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားရေးရာစာစောင်တွင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အလေ့အထများကို စာမူများရေးသားပေးပို့နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား အောက်တိုဘာ ၂ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် တိုင်းရင်းသားရေးရာစာစောင်အတွက် စာမူများရေးသားပေးပို့နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဒေသတွင်းတိုင်းရင်းသားမျိုးနွယ်စုများအားလုံးပါဝင်သည့် ဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် တိုင်းရင်းသားမျိုးနွယ်စုများ တစ်စုနှင့်တစ်စု ပိုမိုရင်းနှီးချစ်ကြည်လာစေပြီး တိုင်းရင်းသားလူငယ်မောင်မယ်များ မူးယစ်ကင်းစင်ကာ ပိုမိုကျန်းမာကြံ့ခိုင်သော၊ စုစည်းညီညွတ်သော လူမှုအသိုက်အဝန်း ဖြစ်လာစေရေးအတွက် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြား သည်။ ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်ဇယားရေးဆွဲသတ်မှတ်နိုင်ရေး အားကစားဆိုင်ရာ နည်းစနစ်လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကချင်မျိုးနွယ်စု (၆)စု၊…