ကချင်ပြည်နယ်ဝန်ကြီးချုပ် ငြိမ်းချမ်းသာယာအားကစားဝင်းအတွင်း မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပေး၊ ငြိမ်းချမ်းသာယာရေကူးကန်အခြေအနေအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၁၈ ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ အများပြည်သူအားကစားပြုလုပ်ရာနေရာများ စိမ်းလန်းစိုပြည်ရေးကိုရည်ရွယ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားဝင်းအတွင်း ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုသို့ ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သစ်တောဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဆရာ၊ ဆရာများနှင့် ကျောင်းသူလေးများက ငြိမ်းချမ်း သာယာအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံနှင့် ရေကူးကန်ရှေ့၊ ဂျူဒိုအားကစားရုံရှေ့တို့ တွင် အရိပ်ရအပန်းပွင့်သည် ခရေ၊ ကံ့ကော်၊ စိန်ပန်း စသည့်…