admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇွန် ၉           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးအတွက် မြစ်ကြီးနားမြို့၊ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၅)နှစ်မှ အသက် (၁၂)အထိ  ကျောင်းသားကလေးငယ်များကို ကိုဗစ်-၁၉ ‌ကာကွယ်ဆေးထိုးနှံပေး နေမှုကို ဇွန် ၉ ရက် နံနက် ၉ နာရီခွဲက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ ကြည်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောင်းခန်းမဆောင်၌ အသက် (၅)နှစ်မှ အသက် (၁၂)နှစ် အထိ ကျောင်းသားကလေးများအား ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်မှ ဆရာဝန်၊ သူနာပြုများနှင့် ဆရာ/…

Read More

ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေနိုင် ရေးအတွက် မြစ်ကြီးနားမြို့၌ မွေးမြူရေးသရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံ တည်ဆောက်သွားမည်

မြစ်ကြီးနား     ဇွန် ၈           ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မွေးမြူရေးတိရစ္ဆာန် မျိုးကောင်းမျိုးသန့်များနှင့် တိရိစ္ဆာန်အစာပင်မျိုးများ မွေးမြူရေးလုပ်ကိုင်နေကြသည့် တောင်သူများ ထံ ဖြန့်ဝေပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ၍ မြစ်ကြီးနားမြို့၌ မွေးမြူရေးနှင့် သရုပ်ပြသုတေသနခြံတည်ဆောက်သွားနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။           အဆိုပါ သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက်သွားနိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်း မြေဧက ၅၀ လျာထားဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ Brahman အသားစား နွားမျိုးကောင်ရေ (၅၀)နှင့် Boar အသားစားဆိတ်ကောင်ရေ (၁၀၀) မွေးမြူနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် တိရစ္ဆာန်အစာအဖြစ် မျက်မျိုးစိတ်များကိုလည်း စိုက်ပျိုးပြီး မျိုးဖြန့်ဝေ နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး မြစ်ကြီးနားစီးပွာရေးဇုန်စီမံကိန်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်‌ရောက်

မြစ်ကြီးနား     ဇွန် ၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးအတွက် အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ  ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ဇွန် ၈ ရက် နံနက် ၁၀ နာရီခွဲက ကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ ကြည်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အခြေခံပညာအထက် တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသားကလေးငယ်များအား ကျန်းမာ ရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး ကျောင်းသား မိဘများ ၏…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ ပန်းခြံတိုးချဲ့တည်ဆောက်နိုင်ရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝိုင်းမော်         ဇွန် ၇           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူအပန်းဖြေနိုင်ရေး ဖွင့်လှစ်ထားသည့် ဧရာမော်ပန်းခြံကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် စည်ပင်သာရေးအဖွဲ့မှ ဧရာမော်ပန်းခြံ အတွင်း မြေယာရှုခင်း အလှဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အားကစား အထောက်အကူပြုပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ကလေးကစားကွင်းများ ထည့်သွင်း တည်ဆောက်ထားရှိမှုနှင့် ပန်းခြံဧရိယာအတွင်း ပါဝင်နေသည် ဈေးဆိုင်ခန်းများ ဖျက်သိမ်းထားသည့် မြေနေရာတွင် ပန်းခြံအလှဆင်ခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် မြို့အဝင် နေရာတွင် ဆောင်ရွက်ထားသည့် ပန်းခြံငယ်တို့ကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံ မှာကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးတက်ရောက်

မြစ်ကြီးနား     ဇွန် ၇           ကချင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် ဌာနဆိုင်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည့် ဌာနဆိုင် ရာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို သုံးစွဲသည့်အခါ အလေအလွင့် မဖြစ်စေရေး သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်သူများအတွက် အကျိုးရှိသော လုပ်ငန်းများဖြစ်စေရေး ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ…

Read More

ကချင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအလားအလာရှိသော နေရာဒေသများ၊ လုပ်ငန်းများ ပေါ်လွင်ထင်ရှားစေသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဗီဒီယိုကို ရိုက်ကူးထုတ်လွှင့်၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ဖိတ်ခေါ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၆           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအလားအလာရှိသော နေရာဒေသများ၊ လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်ဖိတ်ခေါ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ (Kachin State Investment Opportunities) ဗီဒီယို ရိုက်ကူးထုတ်လွှင့်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် ပါဝင်သည့် ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင်ဖော်ဆောင် ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေး ဦးတည်ချက်နှင့်အညီ မိမိတို့ ပြည်နယ်ကို သဘာဝအရင်းအမြစ်များပေါ်လွင် ထင်ရှားပြီး ရင်းနှီးမြှုပ်နှံနိုင်သည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကနဦး အကောင်အထည်‌ဖော် ဆောင်ရွက်သွားမည့် သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇွန် ၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့က ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြည်နယ်ဥပဒေချုပ် ဦးဆောင်၍ ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ် ဥပဒေအရာရှိများအား ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား သို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။           ညှိနှိုူင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိကြီးများ အနေဖြင့် ပြည်နယ်၏ တရားစီရင်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေအရာရှိများသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတော်၊ ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားစွဲမှုနှင့် အမှုလိုက် လုပ်ငန်းကို ဥပဒေနှင့်အညီ တရားမျှတစွာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     ဇွန် ၅           “တစ်ခုတည်းသော ကမ္ဘာမြေ” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်း သိမ်းနိုင်ရန် ရည်မှန်းချက်နှင့် ထုတ်ပြန်ထားသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒအခြေခံမူများ နှင့်အညီ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စများကို ထည့်သွင်းပေါင်းစပ်ခြင်း အားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုရရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိသည့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်း‌ရေးစသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး

မြစ်ကြီးနား    ဇွန် ၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၄ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ကျောင်းဝင်းအတွင်းပြုလုပ်ရာ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်၍ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။           သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ၊ဆရာမများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများက မြစ်ကြီးနား တက္ကသိုလ်ကျောင်းဝင်းအတွင်း   မိုးလုံလေလုံ အားကစားရုံဘေး ကွင်းပြင်၌…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇွန် ၄           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၃ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြို့နယ် (၁၂)မြို့နယ်မှ ပြိုင်ပွဲ ဝင်အသင်း (၁၂)တို့အား  အမှာစကားပြောကြားသည်။           ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များကို သက်ဆိုင်ရာအားကစားကွင်းများဖြင့် ရင်းနှီး ကျွမ်းဝင်အောင် လေ့ကျင့်ကစားခွင့်ပြုရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍကိုအလေးထားမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ကချင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် တန်ဖိုးရှိသော လူငယ်လူရွယ်များ ပေါ်ထွက်လာမယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း၊ ထို့အပြင်အားကစားကဏ္ဍဖြင့် တိုင်းပြည်၏ ဂုဏ်ကိုဆောင်နိုင်သော ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်…

Read More