admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုလွင်ပြင်ပတ်လမ်း‌ဆောင်ရွက်နေမှုနှင့် ညဲဆာလာဒီကျေးရွာ အတွင်း ပန်းအာလူးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေး

ပူတာအို         နိုဝင်ဘာ ၁၅           ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့သို့ရောက်ရှိပြီး ပူတာအိုမြို့နယ် ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်း လမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ ညဲဆာ လာဒီကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ဖြန့်ဝေထားသည့် ပန်းအာလူးမျိုးစေ့များကို ခရိုင် စိုက်ပျိုးရေးဦးစီးဌာနတ၏ နည်းပညာအကူအညီဖြင့် ဒေသခံများ စိုက်ပျိုးထားသော ဆောင်းသီးထပ် သီးနှံအဖြစ် ပန်းအာလူးစိုက်ခင်းများဖြင့် ဖြစ်ထွန်းအောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေသခံများ စိုက်ပျိုးထုတ်လုပ်သည့် ပန်းအာလူးများ ဈေးကွက်ရရှိရေး သမဝါယအသင်းစုများနှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အလားတူ…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သန့်ရှင်း၍ စိန်းလမ်းစိုပြေသော ကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်များနှင့်ပျိုးပင်များပေးအပ်

မြစ်ကြီးနား     နိုဝင်ဘာ ၁၅           ကချင်ပြည်နယ်အတွင်း သန့်ရှင်းရေးစိန်းလမ်းစိုပြေသောကျောင်းများ (Clean and Green School) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိန်းလမ်းစိုပြေသောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေးအတွက် သန့်ရှင်း၍ စိန်းလမ်းစိုပြေသောကျောင်းများ အကောင် အထည်‌ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည်  နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများသို့ တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်နှင့် ပျိုးပင်များ ပေးအပ်ခဲ့သည်။           ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာရေးမှူး၊ သစ်တောဦးစီး ဌာန ပြည်နယ်ဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌‌ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့် အတူ သီတာရပ်ကွက်ရှိ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၊ အလယ်ကုန်းရပ်ကွက်ရှိ အမှတ် (၄)…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဲစာရင်းကောက်ယူရာတွင် တိကျမှန်ကန်စေရေးအတွက် ပုံစံ (၆၆/၆) များအား အိမ်တိုင်ရာရောက် လိုက်လံစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုူင်းအစည်းအဝေးသို့တက်‌ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၄ ကချင်ပြည်နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများကောက်ယူရာ၌ တိကျ မှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား အိမ်တိုင်ရာရောက် စနစ် တကျလိုက်လံစိစစ်‌နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ  မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။ ‌ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဒုတိယ ဥက္ကဌ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းဆိုင်ရာ အစည်းအဝေး လမ်းညွှန်ချက်များအား ရှင်းလင်းပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ တိကျမှန်ကန်စေရန် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များကို အိမ်တိုင်ရာ‌ရောက် လိုက်လံစိစစ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြကွက် မိုးစပါးရိတ်သိမ်းပွဲ တွင် တစ်ဧက စပါးအစိုတင်း ၁၄၀ ထွက်ရှိမှုကို တောင်သူများနှင့်အတူ တက်ရောက် ကြည့်ရှု အားပေး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တောင်သူ ဦးထမ်းဘောမ်၏ ဧက ၁၀၀ တင်း ၁၀၀ စံပြကွက်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းဧကရီ-၃ မျိုးကောင်းမျိုးသန့် မိုးစပါးရိတ် သိမ်းပွဲအခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီက အဆိုပါ စံပြကွင်းအတွင်း ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများက တောင်သူများနှင့်တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။           အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်နှင့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က စံကွက်ရိတ်သိမ်းဆောင် ရွက်သွားမည့် အစီအစဉ်များ၊ ရည်မှန်းအထွက်နှုန်းထက် ပိုမိုတိုးပွားထွက်ရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်အတွင်း မိုးစပါးအပြင် သီးထပ်သီးနှံများ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်တင်/ပို့ရာတွင် မော်တော်ယာဉ်များ စနစ်တကျ ဖြစ်စေရေး ကုန်စည်ပို့ဆောင်‌ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ကြပ်မတ်နိုင်ရေးနှင့် ဝိုင်းမော်မြို့နယ် နမ့်ဒဘက်ချောင်းအတွင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ပဏာမကွင်းဆင်းတိုင်းတာ လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၁           ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ငှက်ပျော၊ ကြံ၊ ဖရဲ၊ ငရုတ်စသည့် စိုက်ပျိုးသီး နှံများအပါအဝင် အခြားကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ရာတွင် မော်တော်ယာဉ် များ စနစ်တကျဖြစ်စေရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် ပိုမိုအားကောင်းခိုင်မာပြီး အကျိုးရှိထိ‌ ရောက်စွာ စီမံကွပ်ကဲဆောင်ရွက်နိုင်‌ရေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးခြင်းကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းရေးလုပ်ငန်းသည် နိုင်ငံနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးသာမက ဒေသတွင်းလုပ်ငန်း ရှင်များ၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိစေသည့်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အခွန်အကောက်လျာထားချက် ပြည့်မီစွာကောက်ခံ နိုင်ရေးနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေး ကောင်စီ ဥက္ကဌဖလား ဖိတ်ခေါ် အားကစားပြိုင်ပွဲများတွင် ဝင်‌ရောက်ယှဥ်ပြိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်‌ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၀           ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အခွန်အကောက်လျာထားချက်များ ပြည့်မီစွာ ကောက်ခံရရှိရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           ထို့သို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အကောက်များကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အခွန်၊ အကောက်များ ပြည့်မီအောင် ကောက်ခံရရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စိစစ်ကြပ်မတ်ဆောင်ရွက် သွားကြရန်နှင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးဖြစ်ထွန်းစေ‌ရေး အဂတိတရားကင်းရှင်းစွာဖြင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် မြန်မာ-တရုတ်ကုန်စည် စီးဆင်းရာတွင် ကုန်စည်တင်/ပို့မော်တော်ယာဉ်များ စနစ်တကျ ကြပ်မတ်ဆောင် ရွက်နိုင်ရေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၉           ကချင်ပြည်နယ်အတွင်းမှ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ကန်ပိုက်တီနယ်စပ်ကုန် သွယ်ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် စိုက်ပျိုးရေးထုတ်ကုန်များ အပါအဝင် မြန်မာ – တရုတ်ကုန် စည်စီးဆင်းရာတွင် ပိုမိုလွယ်ကူမြန်ဆန်ချောမွေ့စေရေးအတွက် ကုန်စည်တင်/ပို့ယာဉ်များ စနစ်တကျကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ များနှင့် ကချင်ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများနှင့် နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်နိုင်ငံကုန်စည်စီးဆင်းမှု လုပ်ငန်းဖြစ်သည့်အတွက် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းကော်မတီအဆင့်ဆင့်နှင့် အသင်းအဖွဲ့များပါဝင်သည့် ကချင်ပြည်နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းတို့ကို ဖွဲ့စည်းပြီး ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်နယ်၏ အဓိကထုတ် ကုန် စိုက်ပျိုးရေးသီးနှံများဖြစ်သည့်အတွက် အချိန်နှင့် တစ်ပြေးညီ တင်ပို့နိုင်ရေးကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၉           ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည် အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးသည် လူသားတိုင်းအတွက် လိုအပ် သည့် အရာတစ်ခုဖြစ်သလို လူသားမျိုးနွယ်အတွက် အဓိကကျသော အရာတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ထို့အတူ လူသားမျိုးနွယ်တစ်ခုချင်းစီ၏ မိခင်ဘာသာစကားသည် အင်မတန်မှ အရေးကြီး သလို မိခင်စာပေကိုလည်း ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်အောင် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများအနေဖြင့် ဒေသတွင်း ကလေးငယ်များ၏…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်နှင့် ပြခန်းထုတ်ဖော်ပြသနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် ကချင်ပြည်နယ်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှာကြားချက်များ ရှင်းလင်းတင်ပြပွဲသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၈           ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ကချင် ပြည်နယ်မှဂုဏ်ပြုယာဉ်နှင့် ပြည်နယ်ကိုယ်စားပြုပြခန်းများ ထုတ်ဖော်ပြသနိုင်ရေးအတွက်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုယာဉ်နှင့် ပြခန်းထုတ်ဖော်ပြသနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် မိမိတို့ ကချင် ပြည်နယ်အနေဖြင့် ဂုဏ်ပြုယာဉ်နှင့် ပြည်နယ်ကိုယ်စားပြုပြခန်းကို ပြသသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးစံများ၊ ဒေသထုတ်ကုန်/ ထွက်ကုန်များ အပြင်  á€á€˝á€„်းထွက်သယလဇဏတမဝဏးကိုပဍ စုံလင်စွာ ထုတ်ဖော်ပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ရှင်ဥပဂုတ္တမထေရ်ဖောင်တော် ရေမျှောပူဇော်ပွဲ၊ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၈           ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက် တန်ဆောင်တိုင်ပွဲတော် ကို ကျင်းပပြုလုပ်လျက်ရှိရာ နိုဝင်ဘာ (၇)ရက် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့)ညနေ ၅ နာရီခွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့်အတူ ဧရာဝတီမြစ်အတွင်းသို့ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဖောင်တော်နှင့် ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ သမိုင်းဝင်လောကမာန်အောင် ဆုတောင်းပြည့် စေတီတော်အနီး ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဒေသခံများက ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြပြီး ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီး ဖောင်တော်ရေမျှောခြင်းနှင့် ဆီမီး…

Read More