
မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားနှင့်အတူ သံဃာတော်(၃၆)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ
မြစ်ကြီးနား မေ ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်း အောင်ပွဲ အခမ်းအနားနှင့်သံဃာတော်(၃၆)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မေလ ၁၇ရက်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆပ်ကပ်သည်။ ယင်းနောက် မွန်းလွဲ ၁နာရီတွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုကာ ဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက အောင်နန်းမဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် ပဓာနနာယကဆရာတော်…