ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး MoA စာချုပ်မူကြမ်းပါ အချက်များအား တာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းဆွေးနွေး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတွင် ဝါးစိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူအစုအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဧပြီ ၆ ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်းချုံးခရိုင်နှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုခိုင်မာအားကောင်းလာစေပြီး ရေရှည်အတွက် လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၆ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကံပိုင်တည် စီးပွားရေးနယ်မြေတည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာစီမံကိန်းနှင့် ပတ်သက်၍ MoA ရေးထိုးနိုင်ရေးအတွက် စာချုပ် မူကြမ်းပါအချက်များအား တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့သို့ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆွေးနွေးမှု အားကောင်းလာသည်နှင့်အမျှ ပိုမိုအားကောင်း ခိုင်မာ လာသည့် လုပ်ငန်းစီမံကိန်းတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် နှစ်ရှည် စီမံကိန်း ဖြစ်သည့်အတွက် လက်တွေ့တွေ့ကျကျဖြင့် ရေရှည်အကျိုးဖြစ်ထွန်းနိုင်မှုကို…