admin

ကချင်ပြည်နယ် ၀န်ကြီးချုပ်က “ပန်းခင်းစီမံချက်”ဖြင့် အောက်တိုဘာလအတွင်း ဆောင်ရွက်ပြီးစီး သည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားနှင့် အိမ် ထောင်စုလူဦးရေ စာရင်းများအား ပေးအပ်ပြီး ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် U -17 အမျိုးသားကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော ကျား/မ ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား            နိုဝင်ဘာ ၁၅ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံး၏ အောက်တိုဘာလအတွင်း ”ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောက်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသား စီစစ်ရေးကဒ်နှင့် အိမ်ထောင်စုဇယား ပေးအပ်ပွဲအား နိုဝင်ဘာလ ၁၅ရက်နေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အိမ်ထောင်စုဇယားနှင့် နိုင်ငံသား စီစစ်ရေးကဒ်ပြားဟာ ပြည်သူများ၏ လူမှုရေး၊စီးပွားရေး ၊ကျန်းမာရေး၊ပညာရေး အစရှိသော  နေရာများတွင် အသုံးပြုနေရတာဖြစ်တဲ့အတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ နိုင်ငံသားစီစစ်ရေး  ကဒ်ပြားဆောက်ရွက်ပေးခြင်းဟာ နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးတာကြောင့် မိမိရဲ့ ကိုယ်ရေးအချက်အလက်များကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးဖို့လိုမှာဖြစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်ပါက လွယ်ကူလျှင်မြန်စွာ ရရှိမှာဖြစ်ပါကြောင်း၊ ရရှိလာတဲ့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားနဲ့ အိမ်ထောင်စုယားများအား ရိုရိုသေသေ ၊ စနစ်တကျ…

Read More

ကချင်ပြည်နယ်၀န်ကြီးချုပ်က ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားသို့တက်ရောက် ဆုချီးမြှင့်ပြီး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင်တေးဂီတပညာရှင်များနှင့်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား          နိုဝင်ဘာ ၁၄ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်အားကစားနှင့် ဆက်ကော်မတီမှ ကြီးမှူးကျင်းပသည့်ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ် ကလပ်အသင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး)ဖိတ်‌ခေါ်ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေး‌ပွဲ အခမ်းအနားအား နို၀င်ဘာလ ၁၄ ရက်နေ့ ‌နံနက် ၁၁ နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နောင်ရာ‌ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားတူကြီးချုပ် ဦးတူးဂျာ ၊ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ၊ဖူဆယ် အားကစားဆပ်ကော်မတီမှ တာ၀န်ရှိသူများနှင့် အားကစားသမားများ တက်ရောက်သည်။ ဦးစွာပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များသည် ဖူဆယ်အမျိုးသားအသင်း ဗိုလ်လုပွဲ ဖြစ်သည့် ထိန်လင်းFCအသင်းနှင့် ကချင်ရီးရဲလ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစား နေမှုအား အားပေးကြည့်ရှူသည်။ယင်းနောက် ပြည်နယ်၀န်ကြီးချုပ် က Fitness Dance ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့် ပြီး ဖူဆယ်…

Read More

ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၀င်းအတွင်း သန့်ရှင်းသာယာလှ‌ပရေး အတွက်ဌာနဆိုင်ရာများ၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ စစ်သည်၊ရဲမေများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား          နို၀င်ဘာ ၁၃ ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်က ဦးဆောင်၍ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်၊ ရဲမေများ၊ မီးသတ်တပ်ဖွဲ့၀င်များက နို၀င်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စ၍ မြစ်ကြီးနား တက္ကသိုလ်၀င်းအတွင်းသန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးအားဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာခြင်းကို ပြည်နယ်၀န်ကြီးချုပ်သည်‌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ၊ ‌ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည် ၊ရဲ‌မေများ၊ မီးသတ်တပ်ဖွဲ့၀င်များနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများက မြစ်ကြီးနားတက္ကသိုလ် ပရ၀ဏ်အတွင်း လမ်းဘေးဝဲ/ယာ တစ်လျှောက် ချုံ၊ နွယ်၊ သစ်ပင်များ…

Read More

ကချင်ပြည်နယ် ၀န်ကြီးချုပ်က ကို‌ဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ‌ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကချင်ပြည်နယ် ဆောင်းရာသီအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအား ဂုဏ်ပြုတွေ့ဆုံ

မြစ်ကြီးနား   နို၀င်ဘာ    ၁၂ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နှင့်အဖွဲ့သည် နို၀င်ဘာလ ၁၂ ရက်နေ့ ၉ နာရီအချိန်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှူ စစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ စကားပြောကြားပြီး နှာခေါင်းစည်းMask များအားဝေငှ ခဲ့သည်။ အဲ့ဒီနောက် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များသည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ သို့ရောက်ရှိပြီး ဆောင်းရာသီအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်သည်။  ရှေးဦးစွာ ပြည်နယ်၀န်ကြီးချုပ်က အားကစားကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားရေး၊ကျန်းမာရေး၊ အသိညဏ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေခံလည်း ဖြစ်သည့်အပြင် တိုင်းရင်းသားညီ အစ်ကို မောင်နှမများ ပိုမိုရင်းနှီးချစ်ခင်လာစေရေး၊ဇာတိ‌သွေး ဇာတိမာန်များ ပိုမိုထက်သန်လာစေရေး၊ လူချွန်လူကောင်းများပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်ကာကွယ်ရေးတို့အတွက်…

Read More

ကချင်ပြည်နယ် ၀န်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာ အတွက် တောင်သူများအား သီးနှံနစ်နာကြေးပေးအပ်

မြစ်ကြီးနား             နိုဝင်ဘာ ၁၂             ကချင်ပြည်နယ်အတွင်းတည်ထောင် ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေးပေးအပ်ပွဲကို နို၀င်ဘာလ ၁၂ ရက်‌နေ့ ညနေ ၄နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံး မလိခ ခန်းမတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့သားသမီးများ၊ အနာဂတ် ဦးဆောင်ကြမည့် လူငယ်မောင်မယ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်သူများဖြစ်စေရေး၊ ကချင်ပြည်နယ်၏ အနာဂတ်အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ယခုလို အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း မြေနေရာကိုသတ်မှတ်နိုင်ခဲ့ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့ပိုင်ဆိုင်သည့် သီးနှံများကို စွန့်လွတ်ပေးခဲ့သည့် တောင်သူ များအား ကျေးဇူးတင်ကြောင်းပြောကြားသည်။ အဲဒီနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း လျာထား မြေနေရာနှင့် ကပ်လျက်ရှိသည့်မြေနေရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား…

Read More

ကချင်ပြည်နယ်၀န်ကြီးချုပ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် တရား၀င် ၀င်ထွက်သွားလာ‌စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ်များအား စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေး

                                              မြစ်ကြီးနား     နို၀င်ဘာ  ၁၁                                                         ကချင်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က နို၀င်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် တရား၀င် ၀င်ထွက် သွားလာ‌စေရေးနှင့်  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ်များအား စနစ်တကျ ဆောင်ရွက်နိုင်ရေး တို့အတွက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။            ဦးစွာပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်တာကြောင့် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ‌အနေဖြင့် ကန်ပိုက်တီနယ်စပ်ဂိတ် မှတဆင့် နေရပ်ပြန်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင် တရား၀င် စာရင်းပေးသွင်းကာ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်း၊ လိုအပ်ပါက ကွာရန်တင်း၀င်ကာ ကျန်းမာရေးထောက်ခံချက်ဖြင့်…

Read More

ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဝိုင်းမော်မြို့ နယ်အတွင်းရှိ“ပန်းခင်း”စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများအားပေးအပ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား        နိုဝင်ဘာ ၁၀             လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝိုင်းမော်မြို့နယ်ဦးစီးမှူးရုံး ၏ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားအား နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈နာရီအချိန်က ၀ိုင်းမော်မြို့ အမှတ်(၁) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန် ၊ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး များနှင့်  ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက် သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က“ပြည်သူများရဲ့ လူမှုရေး ၊စီးပွားရေး၊ကျန်းမာရေး ၊ပညာရေး အစရှိသော နေရာများမှာ အိမ်ထောင်စုဇယား နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအား မရှိမဖြစ် လိုအပ်ပြီး အသုံးပြုနေရခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ “ပန်းခင်း”စီမံချက်ဖြင့် လွယ်လွယ်ကူကူဖြင့် ရပ်ကွက်/ကျေးရွာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကြိုတင် ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား         နိုဝင်ဘာ ၁ဝ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကြိုတင် ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ‌‌‌‌ဝေးအား နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအ‌ဝေး ခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က   ပြည်ထောင်စု ‌ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ချမှတ် ထားသောရှေ့ လုပ်ငန်းစဥ် (၅) ရပ်အရ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းပြုစုခြင်းသည် အဓိက  အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အားလျော်စွာ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ပြည်ထဲရေး ၀န်ကြီးဌာန ၊လူ၀င်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား၀န်ကြီးဌာနတို့မှ သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း  တိုက်တွန်းပြောကြားသည်။ ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးဘရန်ရှောင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၉           ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့်ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။           ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့်ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့လာစေရေးအတွက် ဗန်းမော်မြို့တွင် ခေတ်မီ စနစ်ကျသည့်အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးကို ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊  လုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ဥပဒေလုပ်ထုံးလုပ် နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းဖြင့် တိုက် တွန်းမှာကြားသည်။           ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာသစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များသို့ တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၈           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင်ကြိုဆိုပွဲ၊ မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းနားနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များသို့ တက်ရောက်ပညာသင်ကြားကြ မည့် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ များကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။           မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင်များအား ကြိုဆိုပွဲကို မြစ်ကြီးနား တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံဖွံ့ဖြိုးရေး အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသည့် တက္ကသိုလ်များသည် အဓိကအခန်းမှ ပါဝင်နေသောကြောင့် တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျပါ ကြောင်း၊ ထို့ကြောင့် ယနေ့ နည်းပြ၊ သရုပ်ပြဆရာများအား လှိုက်လှဲစွာ ကြိုဆိုသည့်အပြင် နိုင်ငံ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဆောင်ရန်၊…

Read More