ကချင်ပြည်နယ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ၂၀၂၆ – ၂၀၂၇ ခုနှစ် ကချင်ပြည်နယ်အတွင်း မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
မြစ်ကြီးနား မေ ၁၀ ၂၀၂၆-၂၀၂၇ ခုနှစ် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမည့် မိုးစပါးအပါအဝင် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယနေ့ နံနက် ၉ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်သည်။ အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးက ဒေသတွင်းဝမ်းစာဖူလုံရေး၊ စားသုံးဆီဖူလုံရေး၊ သီးထပ်စွမ်းအား တိုးမြှင့်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို ဘက်ပေါင်းစုံမှ ပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ စီးပွားရေးအင်အားတောင့်တင်းစေရေးအတွက် စားနပ်ရိက္ခာဖူလုံရေးအပြင် ပြည်ပရောင်းတန်းဝင် ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး ဆန်စပါးကိုလယ်မြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသရေမြေရာသီနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်မြင့်မားသည့် မျိုးကောင်းမျိုးသန့် များကို ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို…