ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး
မြစ်ကြီးနား ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့် တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စက်မှု လက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအုပ်စုအတွင်း တောင်သူ ဦးကြည်လင်၏ လယ်မြေ ၄ ဧကပေါ်တွင် ဆောင်းသီးနှံများအဖြစ် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုတ်၊ မုန်ညှင်း၊ ခရမ်းသီး၊ ကိုက်လန် စသည့် ဟင်းသီးဟင်းရွက်များ စိုက်ခင်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား လှည့်လည်…