ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုလွင်ပြင်ပတ်လမ်းဆောင်ရွက်နေမှုနှင့် ညဲဆာလာဒီကျေးရွာ အတွင်း ပန်းအာလူးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေး
ပူတာအို နိုဝင်ဘာ ၁၅ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့သို့ရောက်ရှိပြီး ပူတာအိုမြို့နယ် ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်း လမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ ညဲဆာ လာဒီကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ဖြန့်ဝေထားသည့် ပန်းအာလူးမျိုးစေ့များကို ခရိုင် စိုက်ပျိုးရေးဦးစီးဌာနတ၏ နည်းပညာအကူအညီဖြင့် ဒေသခံများ စိုက်ပျိုးထားသော ဆောင်းသီးထပ် သီးနှံအဖြစ် ပန်းအာလူးစိုက်ခင်းများဖြင့် ဖြစ်ထွန်းအောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေသခံများ စိုက်ပျိုးထုတ်လုပ်သည့် ပန်းအာလူးများ ဈေးကွက်ရရှိရေး သမဝါယအသင်းစုများနှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အလားတူ…