ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ်ကောင်းမှုပြုသူများ အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည့် အခြေအနေများနှင့် တန်ဆောင်တိုင်မီးမျှောပွဲတော် ကျင်းပနိုင်ရေး ကွင်းဆင်းဆောင်ရွက်
မြစ်ကြီးနား နိုဝင်ဘာ ၇ ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည့် အခြေအနေနှင့် ညနေပိုင်းတွင် တန်ဆောင်တိုင်ပွဲတော် မီးမျှောပွဲနှင့်အတူ ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့် ရုံးကြီး လမ်းထောင့် ဧရာဝတီမြစ်ကမ်းပါး၌ တန်ဆောင်တိုင် မီးမျှောပွဲတော် ကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မီးပုံးပျံများ လွှတ်တင်သွားနိုင်ရေး၊ အများပြည်သူ ကုသိုလ်…