
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
မြစ်ကြီးနား မေ ၁၈ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေး နှစ်အတွင်း အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပသည်။ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း Lot ၃၉ ခုရှိရာ ယခုဘဏ္ဍာနှစ်ကုန်ဆုံးတော့မည်ဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ချိန်အမီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် ယခုနှစ်သည် အခက်အခဲများ ရှိမည်ဖြစ်သော်လည်း ကြပ်မတ်ဆောင်ရွက်ရသည့် ဌာနဆိုင်ရာများအနေဖြင့် မြေပြင်တွင်…