ပင်မစာမျက်နှာ

ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၇           ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် တစ်အုပ်တစ်မ သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးနိုင်ရေးနှင့် ဒေသအလိုက် သင့်လျော်သည့်နေရာများတွင် ဒေသမျိုးရင်းသစ်ပင်များ စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မေ ၇ ရက် နံနက် (၁၀)နာရီခွဲတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် နိုင်ငံ၏ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် သဘာဝပတ်ဝန်းကျင် အတွက် အရေးပါသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် သစ်တော၊ သစ်ပင်ထိန်းသိမ်းရေးနှင့် ရှင်သန် နိုင်ရေးသည့်အရေးကြီးပါကြောင်း၊ နှစ်စဉ်သစ်ပင်စိုက်ပျိုးလျက်ရှိသော်လည်းစောင့်ရှောက်မှုအားနည်း ခြင်းကြောင့် ဖြစ်ထွန်းမှုနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ယခုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ၏ အလေးထားညွှန်ကြားမှုနှင့်အတူ မိမိတို့အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် စိုက်ပျိုး သည့်အပင်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံ

မြစ်ကြီးနား     မေ ၆           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ် ကောင်စီအဖွဲ့ဝင်များနှင့် အတူ မေ ၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံပွဲကျင်းပသည်။           ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ သား/သမီးများ၏ ပညာရေးသည် မိမိတို့ ပြည်နယ်၏ အနာဂတ်အတွက် အရေးကြီးသလို လူငယ်/လူရွယ်များ၏ ပညာရေးသည်လည်း နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးပါ ကြောင်း၊ ယနေ့ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ သား/သမီးများ၏ အနာဂတ်အရေးအတွက် သင်ကြားရေးဖြင့် လမ်းမှန်ရောက်အောင်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ မြန်မာနိုင်ငံ၏ အကြီးဆုံးရေကူးကန်တည်ဆောက်ရေး ပန္နက်ရိုက်တင်ပေး

မြစ်ကြီးနား     မေ ၅           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့်အတူ မြစ်ကြီးနားမြို့၌ ဆောက်လုပ်သွားမည့် နိုင်ငံအတွင်း အကြီးဆုံးရေကူးကန်တစ်ခုဖြစ်ပြီး ရေကူးပြေးလမ်း (၁၀)လမ်းပါသည့် ရေကူးကန်ဆောက်လုပ်နိုင်ရေးအတွက် မေ ၅ ရက် နံနက် ၉ နာရီ တွင် ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။           ရေကူးကန်တည်ဆောက်ရေးစီမံကိန်းကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာနပိုင်၊ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေကျပ်သန်း (၁၉၀၀)ဖြင့် အလျား(၁၅၀)ပေ၊ အနံ(၇၅)ပေရှိ ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူး ကန်တည်ဆောက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် တည်ဆောက်ရေးလုပ်ငန်းတာဝန်ခံ မြန်မာမိတ်ကာဟုမ်း ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ ဝင်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်း…

Read More

ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများ စတင်တော့မည့် တက္ကသိုလ်ကောလိပ်များအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မေ ၄           ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည့် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကောလိပ်များအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက မေ ၄ ရက် နံနက် ၈ နာရီ တွင်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်ကြားရေးလုပ်ငန်းတာဝန်ရှိသူများအား တွေ့ဆုံအားပေးခဲ့ ကြသည်။           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ပညာရေးဒီဂရီကောလိပ်ကျောင်း၊ ဉာဏစစ်သည် ခန်းမ၌ ပညာရေးကောလိပ်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုလိုအခက်အခဲကာလအတွင်း မိမိတို့သားသမီးများ အတွက် ပညာသင်ကြားရေးနိုင်ရေးကို အလေးထားလုပ်ဆောင်ပေးကြမည့် ဆရာ/ဆရာမများအား မိမိတို့ကောင်စီအနေဖြင့် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ မိမိတို့၏ သားသမီးများ ပညာသင်ကြားမှု နောက်ကြမှုမရှိအောင်ဆောင်ရွက်ရေးကို ဂရုပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား     မေ ၃           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၃ ရက် မွန်းလွဲပိုင်း ၃ နာရီတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ် သည်။           ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်(၄)ခရိုင်မှ ဘောလုံးအသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြ များနှင့် အားကစားသမားများ၊ ပန်းပွား၊ ဘင်ခရာအဖွဲ့တို့က ကွင်းအတွင်းနေရာယူကြပြီး  ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ ကျန်းမာ ကြံ့ခိုင်စေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ယနေ့ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာတွင်လည်း ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ဉာဏ်သွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ပြိုင်ပွဲဝင်အသင်းများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     မေ ၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို မေ ၃ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မေ ၂ ရက် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ပြည်သူ့အားကစားကွင်း အတွင်း ပြိုင်ပွဲဝင်အသင်းများအား သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် ခရိုင်ဦးစီးမှူးများနှင့်အတူ ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်၍ ကိုဗစ် – ၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပနိုင်ရေး၊ ဖွင့်ပွဲအခမ်းအနားတွင် ပန်းပွား၊ ဘင်ခရာနှင့် အားကစားပေါင်းစုံ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ IDPs စခန်းများ၌ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်အိတ်များသွားရောက်ထောက်ပံ့

မြစ်ကြီးနား     မေ ၁           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  မေ ၁ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ တြီနီတီနှစ်ခြင်းအသင်းတော် IDPs Camp နှင့် စိန့်ဂျိုးဇက် IDPs Camp များသို့ သွားရောက်၍ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်အိတ်များထောက်ပံ့ပေး အပ်ခဲ့ကြသည်။           ရှေးဦးစွာ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု တြီနီတီနှစ်ခြင်းအသင်းတော် IDPs စခန်း၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စခန်းအတွင်းရှိ နေရပ်စွန့်ခွာပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက် နေသကဲ့သို့ နေရပ်စွန့်ခွာပြည်သူများ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေးကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယခုလိုကာလတွင် မိမိတို့အနေဖြင့် တတ်နိုင်သလောက် ထောက်ပံ့ပေးအပ်ရခြင်းသည်…

Read More

ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဧပြီ ၂၉           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် ပြည်နယ်လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့ပြည်နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာ (၁၁၃၇)ဦး နှင့် သေဆုံးသူ (၃)ဦးဖြစ်ပေါ်ခဲ့သည့်အတွက် အခြားပြည်နယ်တိုင်းများနှင့်ယှဉ်လျင် ထိန်းချုပ်ရေး လုပ်ငန်းတွင် အောင်မြင်သည်ကို တွေ့ရှိရပါကြောင်း၊ ကော်မတီများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးလုပ်ငန်းများကို ကော်မတီအလိုက်၊ မိမိတာဝန်အပိုင်းလိုက် တာဝန်ယူ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်စုံအားကစကားပြိုင်ပွဲများပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၂၉           ကချင်ပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ဘက်စုံအားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပပြုလုပ်ငန်းနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လူငယ်လူရွယ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်လာစေရန်အတွက် အားကစား ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကလည်း လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားပြိုင်ပွဲ များကို ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များအလိုက် ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး မိမိတို့ ကောင်စီအနေဖြင့် လိုအပ်သည်များကို အပြည့်အဝပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မှာကြားသည်။           ယင်းနောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက (၂၁)နှစ် အောက်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုဒေသအတွင်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ပူတာအို         ဧပြီ ၂၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုဒေသ အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဧပြီ ၂၇ ရက်တွင် နံနက်ပိုင်းမှ စ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ပူတာအိုတပ် နယ် ၂၅ ကုတင်ဆံ့တပ်မတော်ဆေးရုံသို့ သွားရောက်ပြီး တပ်မှူး၊ ဆရာဝန်/သူနာပြုများနှင့် တွေ့ဆုံကာ ပြည်နယ်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများ CDM ဆောင်ရွက်နေကြသဖြင့် တပ်မတော်မှ ပြည်သူများအတွက်ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကျေးဇူး တင်ရှိကြောင်း၊ ဆေးဝါးပစ္စည်းများ လုံလောက်မှုရှိစေရေးအတွက် လိုအပ်သည့်အကူအညီများကို အမြန်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားပြီး တပ်မတော်ဆေးရုံအတွက် ဆေးပဒေသ ပင်ထောက်ပံ့ငွေကျပ် (၂၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။           ထိုမှတစ်ဆင့်…

Read More