ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ
မြစ်ကြီးနား မေ ၇ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမကြီးဘေး တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင် (လမ်းသွယ်-၁)နှင့် (လမ်းသွယ်-၅)တို့တွင် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး မြို့နယ်စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူများ၊ တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများနှင့် ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းဝေးခန်းမ၌တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မိမိတို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များအပြင် ရပ်ကွက်/ကျေးရွာများရှိ ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်ကင်းစင်ရေး နေ့/ညမနား ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအလိုက် သတ်မှတ်ချိန်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်သိမ်းမော်တော်ယာဉ်များဖြင့် လိုက်လံသိမ်းဆည်းခြင်းအပြင် အဆိုပါနေရာများတွင် သတ်မှတ်ကာလအတွင်း အမှိုက်သိမ်းယာဉ်ထားရှိခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျ…