ကချင်ပြည်နယ်ဝန်ကြီးချုပ် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် ဒေသစီးပွားမြှင့်တင်ပေးနိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
ခေါင်လန်ဖူး နိုဝင်ဘာ ၁၉ မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ဒေသစီးပွားမြှင့်တင်ပေးနိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နိုင်ဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နောင်မွန်းမြို့မှ တစ်ဆင့် ခေါင်လန်ဖူးမြို့သို့ မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း မော်တော်ယာဉ်တန်း ဖြင့် ထွက်ခွာခဲ့ကြပြီး အမြင့်ပေ ၇၇၀၀ ရှိ ဆန်းလွတ်ချက်တောင်ထိပ်၌ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ထလားလော်ကျေးရွာသို့ ရောက်ရှိပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်းအတွင်း ပေ ၈၀…