
ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်(၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Import ရေးသွင်းခြင်းလုပ်ငန်း (၇၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား မေ ၁၁ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ကြီးကြပ်မှုဖြင့် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များ Excel Software ဖြင့် Data Import ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မေ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လှည့် လည်ကြည့်ရှုအားပေးခဲ့သည်။ ထိုသို့လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးဟောင်း၌ ဝန်ထမ်းများ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များကို Excel ဖြင့် စိစစ်တိုက်ဆိုင် Data Base…