ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာသစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များသို့ တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်
မြစ်ကြီးနား နိုဝင်ဘာ ၈ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင်ကြိုဆိုပွဲ၊ မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းနားနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များသို့ တက်ရောက်ပညာသင်ကြားကြ မည့် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ များကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင်များအား ကြိုဆိုပွဲကို မြစ်ကြီးနား တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံဖွံ့ဖြိုးရေး အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသည့် တက္ကသိုလ်များသည် အဓိကအခန်းမှ ပါဝင်နေသောကြောင့် တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျပါ ကြောင်း၊ ထို့ကြောင့် ယနေ့ နည်းပြ၊ သရုပ်ပြဆရာများအား လှိုက်လှဲစွာ ကြိုဆိုသည့်အပြင် နိုင်ငံ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဆောင်ရန်၊…