ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပူတာအိုခရိုင်အတွင်း ဆန်ဖူလုံရေးနှင့် ကုန်းမြင့်လယ်ယာများ တိုးချဲ့ဖော်ထုတ်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေး
မြစ်ကြီးနား အောက်တိုဘာ ၁၄ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု (၂၈)ခုမှ ပြည်သူများအား ဦးတည်အုပ်စုအလိုက် စုရပ်များ ပြုလုပ်၍ ကာကွယ်ဆေးထိုးနှံပေးနေမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကာကွယ်ဆေးထိုးနှံပေးနေ မှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းအတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီ ရေးအသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ ကာကွယ်ဆေးထိုးနှံပေး နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား…