ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့၌ အောက်စီဂျင်စက်ရုံဖွင့်လှစ်ပေးခြင်း၊ ပူတာအို လွင်ပြင်ပတ်လမ်းနှင့် တံတားများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
ပူတာအို အောက်တိုဘာ ၂၅ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက် ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၅ ရက်တွင် ပူတာအိုမြို့၌ အောက်စီဂျင်စက်ရုံဖွင့်လှစ်ပေးပြီး ပူတာအိုလွင်ပြင်ပတ်လမ်းနှင့် တံတားများ ဆောင်ရွက်နေမှု၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဆုများတက် ရောက် ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီးဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပူတာအိုမြို့ခရိုင်ပြည်သူ့ဆေးရုံ အတွင်း တည်ဆောက်ပြီးစီးသည့် အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်သည် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအနည်းဆုံး ဒေသဖြစ်သော်လည်း ခရိုင်အတွင်းရှိ ပြည်သူများ၏ လိုလားတောင်းတချက်တစ်ခုဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အဓိကကျသည့် အောက်စီဂျင်လိုအပ်ချက် အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း…