ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်းရှိ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်
မြစ်ကြီးနား မတ် ၆ ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် မြို့နယ်များ အလိုက် ရပ်ကွက်/ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး လုပ်ငန်းကဏ္ဍအလိုက် ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ မတ် ၆ ရက် နံနက် ၁၀ နာရီခွဲက လုပ်ငန်းစီမံကိန်းများအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်းစီမံကိန်းများကို ခရိုင်၊ မြို့နယ် များအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင် ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရသော လုပ်ငန်း များသည် ပြည်သူတစ်ရပ်လုံး လူမှုစီးပွားနှင့်…