admin

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် မြစ်ကြီးနားမြို့တွင်းရှိ ပင်မရေနှုတ်မြောင်း အမှတ်(၄) ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မေ ၁           လာမည့် မိုးရာသီကာလအတွင်း ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့တွင်းရှိ ရေဝပ်နိုင်သည့်နေရာများတွင် အဓိကဖောက်လုပ်ထားသော ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ဖြတ်သန်းသော အမှတ်(၄) ပင်မရေနှုတ်မြောင်း ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုး၊ စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများနှင့်အတူ ရမ်ပူရပ်ကွက် လမ်းသွယ် ၂၀ နှင့် ၂၄ ကြားတွင် အမှတ်(၄)ရေနှုတ်မြောင်းမကြီးအား စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ရေစီးရေလာကောင်းမွန်ရေး၊ မြောင်းသွယ်များ ကောင်းမွန်စွာစီးဝင်နိုင်ရေး အမှိုက်၊ သဲနှုန်းများနှင့် သစ်ပင်ငယ်များ ရှင်းလင်းဖယ်ရှားနေမှုကိုလည်းကောင်း၊ အဆိုပါရပ်ကွက် လီဆူစာပေနှင့်ယဉ်ကျေးမှုကွင်းအတွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (May Day) အခမ်းအနား တက်ရောက်

မြစ်ကြီးနား  မေ ၁           ကချင်ပြည်နယ်တွင် နှစ်စဉ် မေလ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကျင်းပပြုလုပ်ရာ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) အခမ်းအနားကို ကချင်ပြည်နယ်အလုပ်သမားရေးရာဦးစီးဌာနက ကြီးမှူး၍ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်အလွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။           ဆက်လက်၍ အလုပ်သမားရေးရာလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတင်ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နမ္မတီးမြို့တော်ခန်းမ၌ မြို့နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများ၊ ယာယီတိမ်းရှောင်မိသားစုများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မြစ်ကြီးနား  ဧပြီ ၃၀ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် သဘာဝဘေးသင့် ပြည်သူများနှင့် ယာယီတိမ်းရှောင်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နမ္မတီးမြို့ခံပြည်သူများ၊ မြို့အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား အားပေးအမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိုးကောင်းမြို့ နယ်အတွင်း မိုးကောင်း၊ နမ္မတီးမြို့တို့အပါအဝင် ကျေးရွာများတွင် လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်းတို့ကြောင့် နေအိမ်၊ အဆောက်အအုံများ ထိခိုက်ခဲ့ရသည့် ယာယီတိမ်းရှောင်မိသားစုများနှင့် ဘေးသင့်ပြည်သူများ အပါအဝင် ဘာသာ‌ရေးအဖွဲ့အစည်းများ စုစုပေါင်း အိမ်ထောင်စု ၁၁၆၈ စုတို့အတွက် ဆန် ၂၄ ပြည်ပါအိတ် ၂၀၀ အိတ်၊ မိုးကာလိပ် ၂၉ လိပ်၊ မျိုးစပါးတင်း ၃၀၀ကိုလည်းကောင်း၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း ၄၄…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်၌ ကျင်းပပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် မိုးကောင်းမြို့နယ် နမ္မနကျေးရွာရှိ မဟာလောကနန္ဒာစေတီတော်ရွှေထီးတော်တင်လှူပွဲနှင့် ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာပွဲသို့တက်ရောက်

မြစ်ကြီးနား  ဧပြီ ၃၀           မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့၌ နှစ်စဉ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကချင် ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ စေတီတော်ပုရဝုဏ်အတွင်း၌ ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုလာ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံကော်မတီအဖွဲ့ဝင်များက နောင်ချိန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများနှင့် ဒေသခံပြည်သူလူထုများအားတွေ့ဆုံရှင်းလင်းဆွေးနွေးပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်/မယ်များ သြဝါဒခံယူပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၂၉           ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက စီမံကိန်းနှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင် မိသားစုများ၊ ဒေသခံပြည်သူလူထုများအား တွေ့ဆုံရှင်း လင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက နောင်ချိန်းကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။           အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ခေတ်သည် လျှပ်စစ်စွမ်းအားသည် မိမိတို့အားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေး၊ လူမှု စီးပွားဘဝမြင့်မားလာစေရေးအတွက် အရေးကြီးသည့် အထောက်အပံဖြစ်သည်ကို အားလုံးကသိရှိ နားလည်လက်ခံရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ တွေ့ဆုံမှုသည်လျှပ်စစ်စွမ်းအင် အရင်းအမြစ်အတွက် ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံကော်မတီအဖွဲ့ဝင်များ၊ ပညာရှင်များက…

Read More

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုတိုးတက်စေရေး၊ အောင်မြင်မှုရရှိရေးအတွက် အားကစားဆပ်ကော်မတီနှင့်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဧပြီ ၂၉ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်၊ တောင်ကြီး၊ ပုသိမ်၊ ဘားအံနှင့် ပဲခူးမြို့တို့တွင် ကျင်းပပြုလုပ်သွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုများ ရရှိစေရေးအတွက် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ အားကစားဆပ်ကော်မတီ အဖွဲ့ဝင် များနှင့် တွေ့ဆုံသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများတွင် မိမိတို့ကချင်ပြည်နယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရေး ကြိုတင်ပြင်ဆင်စုဖွဲ့ရမည့်ကိစ္စများ၊ အားကစားနည်းအလိုက် အားကစားသမားများ စခန်းသွင်း လေ့ကျင့်ပြင်ဆင်ရမည့်ကိစ္စများနှင့် အောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုဆိုင်ရာများကို ဖြည့်ဆည်းပေးနိုင်ရေးအပြင် ပြည်နယ်၏ အားကစားကဏ္ဍပိုမိုတိုးတက်အောင်မြင်စေရေး ဆပ်ကော်မတီများနှင့် လက်တွဲညီညီ အကောင် အထည်ဖော်…

Read More

ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ ဦးစီးဌာနများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် ရက်ပေါင်း (၁၀၀) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၂၈           နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူအကျိုးပြု Quick Win လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေက မိမိဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် တွေဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ရက်ပေါင်း (၁၀၀) ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် Quick Win လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြေယာ၊ ဆည်မြောင်း/ တာတမံရေရှိရေး၊ စိမ့်စမ်းရေသွယ်ယူရေးနှင့် သမဝါယမ၊ စက်မှုလယ်ယာ၊ MSME လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစသည့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ရှမ်းမျိုးနွယ်စုဝင် လူငယ်/မောင်မယ်များအတွက် ဖွင့်လှစ်ပေးခဲ့သော (၁၆)ကြိမ်မြောက် နွေရာသီရှမ်းစာသင်တန်းဆင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား ဧပြီ ၂၆           ရှမ်းမျိုးနွယ်စုဝင် လူငယ်လူရွယ်များအား ရှမ်စာပေနှင့်စကား ပိုမိုလေ့လာနိုင်ရေးအတွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း(တိုင်းလုံ)ကကြီးမှူး၍ ဖွင့်လှစ်ပေးခဲ့သော (၁၆)ကြိမ်မြောက် နွေရာသီရှမ်းစာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်၊ နောင်ခမ်းရှမ်းရွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးတင်အောင်၊ ဦးလီပေါ်ရဲ့၊ ဦးမယစ်ယောရှုတို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ရှမ်းတိုင်းရင်းသားလူငယ်များက သင်တန်းဆင်းပွဲကို ရှမ်းရိုးရာအကဖြင့် ကပြဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်က ယခုလို ရှမ်းတိုင်းရင်းသားလူငယ်များအား နွေရာသီကျောင်းပိတ် ရက်ကာလအတွင်း မိမိတို့၏စာပေကို ကြိုးကြိုးစားစားလက်ဆင့်ကမ်းသင်ယူကြသည့်အတွက် များစွာဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ မိမိတို့၏စကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ တိုးတက်ပြန့်ပွားအောင်ဆောင်ရွက်ခြင်းသည် မိမိတို့လူမျိုး၏ လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်သည့်အပြင် မိမိတို့မျိုးနွယ်စုသာမက အတူနေထိုင်ကြသော တိုင်းရင်းသားအားလုံးက စာပေ၊ စကားကို အလေးထားတန်ဖိုးထားကြရန် အရေးကြီးပါကြောင်း၊ မိမိတို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့လေပြင်တိုက်ခတ်မှုကြောင့် ရုံး၊ ဌာန၊ အများပြည်သူသွား လာရာနေများရှိ သစ်ပင်ကြီးများ၊ ဓာတ်တိုင်များ လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းတို့အား မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ဖယ်ရှားရှင်းလင်းပေးနေမှုအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား ဧပြီ ၂၆           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ယမန်နေ့ည ၁၀ နာရီခွဲစတင်၍ ည ၁၁ နာရီထိ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များရှိ သစ်ပင်များ၊ ဓာတ်တိုင်များလဲကျ၍ ရုံး၊ ဌာနများနှင့် အများပြည်သူများ သွား/ လာရာနေများတွင် လမ်းပိတ်စို့မှုများ ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဇော်ဂျွန်းလမ်းပေါ်ရှိ မန္တလေးဘုန်းတော်ကြီးကျောင်းအနီးတွင် လုံးပတ်(၄)ပေခန့်၊ အမြင့်ပေ ၃၀ ခန့်ရှိ မလေးရှားပိတောက်ပင်လဲကျ၍ ရှင်းလင်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဂိတ်ပေါက်၌…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက် အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူလူထုများ တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား ဧပြီ ၂၅           ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း ၍ ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်‌ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ၁၄ ကြိမ်မြောက်အဖြစ် ဒေသခံပြည်သူ လူထုများအား တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် Working Group အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂေါ်ရခါး၊ ဆစ်ဘာသာရေးအဖွဲ့ဝင်များ၊ သူနာပြုနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်းအင်အား (၇၆၀)ကျော်…

Read More