admin

‌ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်း၍ သတ္တမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မြစ်ကြီးနား     ဇူလိုင် ၄                 ကချင်ပြည်နယ်တအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် ဒါယကာ၊ ဒါယကာမများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်  ၃ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးတို့က တက်ရောက်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။                  အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ဆရာတော်၊ သံဃာ‌တော်များထံမှ ငါးပါးသီလခံယူဆောက် တည်ခြင်း၊ ပရိတ်တရာတော်များနာယူခြင်း အမှုတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး၊  ပြည် နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတိုက ရှမ်းမျိုးနွယ်စု ခေါင်းဆောင်များ၊ အလှူရှင်ဒါယိကာ၊ ဒါယကာမများနှင့်အတူ ဝါဆိုင်္ကန်းကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

Read More

နှစ်ပေါင်း (၄၇)နှစ်ကျော်ကြာမှ တံခွန်စိုက်ဆုဖလား ပြန်လည်ဆွတ်ခူးရယူခဲ့ကြသော တံခွန်စိုက်ဒိုင်းဆုရ ကချင်ပြည်နယ်အမျိုးသမီးဘောလီဘောအသင်းအား မြစ်ကြီးနားမြို့၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     ဇူလိုင် ၃           ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အာက် ဘောလီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ကိုယ်စားပြု အမျိုးသမီး ဘောလီဘောအသင်းသည် ပထမတံခွန်စိုက်ဒိုင်းဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီ က မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့သည်။           အောင်ပွဲရ အမျိုးသမီးဘောလီဘောအသင်း ပြန်လည်ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ်အားက စားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ပူတာအိုမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ ဆုံ၊ လမ်းတံတားလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေး

ပူတာအို ဇူလိုင် ၂ ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ရဲမှူးကြီး ကျော်ထွန်းတို့သည် ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့် ဇူလိုင်(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမ၌ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။  တွေ့ဆုံရာတွင် ပြည်နယ်စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေက ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်များအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်း ကမ်းများနှင့်အညီဖြစ်စေရေး၊လုပ်ငန်းလိုအပ်ချက်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မီတင်ပြ ဆောင်ရွက်ကြ‌ရေးမှာကြားပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ရဲမှူးကြီး ကျော်ထွန်းက  ခရိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ် မှတ်စံချိန်စံညွန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး‌အောင် ကြိုးပမ်းဆောင်ရွက်သွား‌ရေး၊ ထိုအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခေါင်လန်ဒီးက ဒေသဆိုင်ရာအချက်အလက်များ၊…

Read More

ကချင်ပြည်နယ်စီးပွားရေးရာ၀န်ကြီး ပူတာအိုမြို့နယ်အတွင်း ‌ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး၊ဌာနဆိုင်ရာ၀န်ထမ်းများနှင့် တွေ့ဆုံ

ပူတာအို ဇူလိုင်    ၁            ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၃၀)ရက်တွင် ပူတာအိုမြို့နယ်အတွင်း ဘဏ္ဍာနှစ်အလိုက်အကောင်အထည်‌ဖော်‌‌ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုကွင်းဆင်းစစ်ဆေးပြီး      ဌာနဆိုင်ရာ၀န်ထမ်းများနှင့်တွေ့ဆုံသည်။            ရှေးဦးစွာ ပြည်နယ်၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း အတွင်း  ကချင်ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၁၄၉၈.၀၀၀)သန်းဖြင့် ပူတာအိုခရိုင်စုပေါင်းရုံး‌ လေးထပ် RC အဆောက်အအုံဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းပိုင်းများ သတ်မှတ်ချက်များနှင့်အညီ  ပြီးစီးအောင်ဆောင်ရွက်ရေးမှာကြား ခဲ့သည်။            ယင်းနောက် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို) ကျောင်းခန်းမ၌ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်၊ တာ၀န်ရှိသူများ၏ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)နှင့်အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဘဏ္ဍာနှစ်အလိုက် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီး/ ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၂           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အမျိုးသား/ အမျိုးသမီးလက်ရွေးစင် ပိုက်ကျော် ခြင်းအသင်းတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်လက်ရွေးစင်အသင်း နည်းပြများက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူများအား ပြိုင်ပွဲတွင် တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိရှိ၊ စည်းလုံးညီညွတ်စွာဖြင့် ယှဉ်ပြိုင်ကစားသွားကြရေး၊ အားကစားစိတ်ဓာတ်ဖြင့် အသန့်ရှင်းဆုံးယှဉ်ပြိုင်ပြီး ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု၊ တရုတ်စကားပြောအခြေခံသင်တန်းနှင့် လူငယ်စကားဝိုင်း‌ဆောင်ရွက်မှု၊ ရိုးရာဂျပ်ခုတ် သင်တန်းကျောင်း သင်တန်းဖွင့်လှစ်နေမှုများကို တက်ရောက်အားပေး

မြစ်ကြီးနား     ဇူလိုင် ၂           ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံးဝင်းအတွင်း၌ ၂၀၂၂ခုနှစ် ဇူလိုင် ၃ ရက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ ဇူလိုင် ၂ ရက် နံနက် ၈ နာရီတွင် သန့်ရှင်း‌ရေး ပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။           စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ရုံးဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ စုပေါင်းဆောင် ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရုံးဝင်း ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သန့်ရှင်းရေးဆောင်ရွက်နေ ကြသည့် တပ်ရင်းတပ်ဖွဲ့မိသားစုများအား…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား  ဇူလိုင်   ၁           ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲအား  ကချင်ပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင် ရေး  တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နံနက်  ၁၀ နာရီက  ပြည်နယ်အစိုးရအဖွဲ့၊ မလိခခန်းမ၌  ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အစည်းအဝေးတွင်  ကချင်ပြည်နယ်အဆင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ  ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်  ဗဟိုအဆင့်ပြိုင်ပွဲအား  ကချင်ပြည်နယ် အနေဖြင့်  ဘာသာရပ်အလိုက်  အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စနစ်တကျ အချိန်မီ ရွေးချယ်၍  ကြိုတင်လေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ အဆင့်အတန်းမီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအသင်း/အဖွဲ့(၁၀)ဖွဲ့ထံ တိုင်းရင်းသားပုံပြပုံပြင် စာအုပ်(၂၀၀၀၀) ကျော် ဖြန့်ဝေပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     ဇွန် ၃၀ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်ရုံးမှ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များထံ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၃၀ ရက် နံနက် ၈ နာရီက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် ယနေ့ပေးအပ်မည့် ပုံပြပုံပြင်စာအုပ်များကို ကလေးများထံ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားကလေးများအနေဖြင့် မိမိဘာသာစာပေကို သင်ကြားခွင့်ရရှိသည့်အပြင် အခြားဘာသာစာပေများကို သင်ယူလေ့လာရာတွင် လည်း နားလည်မှုစွမ်းရည်ပိုမိုဖွံဖြိုးတိုးတက်စေမည်ဖြစ်ပါကြောင်း၊ ထိုအပြင် တိုင်းရင်းသားဘာသာ စာပေ သင်ကြားရေးနှင့်ပတ်သက်၍ ယခင်ကထက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာပြီဖြစ်သည့် အတွက် တိုင်းရင်းသားများအနေဖြင့်မိမိတို့စာပေဖွံ့ဖြိုးတိုးတက်ရေး ရရှိလာသည့် အခွင့်အရေးများကို လက်လွတ်မခံဘဲ အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဖားကန့်         ဇွန်     ၂၉          ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို  ဇွန်(၂၈)ရက် နံနက် (၁၁)နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။  ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများသည် မိုးညှင်းခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌ၊ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းမှ ဖားကန့်-လုံးခင်းလမ်းပိုင်း(မော်ဝမ်းရပ်ကွက်၊ ရှမ်းမဆီဆိုင်မှ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအထိ) အရှည်ပေ(၉)ထောင်ကျော်ကို လမ်းအကျယ်(၂၄)ပေရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်  ဖားကန့်မြို့အဝင် လမ်းကျဉ်းသည့်နေရာ၌ တောင်နံရံအားဖြို၍ လမ်းတိုးချဲ့‌ဆောင်ရွက်နိုင်‌ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။  ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင်သည် တာဝန်ရှိသူများနှင့်အတူ မော်ဝမ်းရပ်ကွက်အတွင်း ရပ်မိရပ်ဖများ၏ တင်ပြချက်အရ ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများ‌ နေထိုင်လျက်ရှိသည့်လမ်း၊ မူရင်းနှစ်ခြင်းအသင်းတော် ဘုရားကျောင်းသွားလမ်းတို့အား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် ဆရာ/ ဆရာမများနှင့် ချီဖွေနှင့်တနိုင်းခရိုင်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇွန် ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ အား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အင်ဂျန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများကို လိုအပ်သည့် ကျောင်းသုံးကိရိယာများ၊ ပညာရေးဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို ယနေ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဆရာ/ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနိုင်ရေးအတွက်ကိုလည်း အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးထားပါ…

Read More