ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဒေသ တွင်းစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၅           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ရာနှုန်းပြည့်တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဝဥ စိုက်ပျိုးရေးခြံတို့ကို သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူ ရေးခြံများမှထွက်ရှိသည့် အသီးအနှံအသားငါးများကို ဒေသတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များသာမက ပြည်သူများကိုပါ သက်သာသောဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချပေးနိုင်ရေးနှင့် စိုက်ပျိုးမြေဧရိယာ များအပြည့်အဝစိုက်ပျိုးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သီးနှံပင်များစိုက်ပျိုး ထားရှိမှု၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့် တစ်ရှုး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များရှိ စေတနာ့ဝန်ထမ်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အဖွဲ့အ စည်းအသီးသီးနှင့် ချိတ်ဆက်ပေါင်းစပ်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်သည် သြဂုတ် ၄ ရက်တွင် မြစ်ကြီးနားမြို့ပေါ် ကိုဗစ်-၁၉ အတည်ပြုလူနာ ဆောင်များသို့ သွားရောက်တွေ့ဆုံအားပေးပြီး စေတနာ့ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ဆဒုံးဘွမ်အမျိုးသမီးဆောင်နှင့်  ဖုန်ဂမ်ရာဇီအမျိုးသားဆောင်များရှိ  ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိစောင့်ကြည့်မှုအခြေ အနေများနှင့် စေတနာ့ဝန်ထမ်းများအားတွေ့ဆုံ နေထိုင်စားသောက်မှုအခြေအနေနှင့် လိုအပ်ချက် များကို မေးမြန်းဆွေးနွေးကာ စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား     သြဂုတ် ၃           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ထံသို့ ထိန်ချုံးခရိုင်ကုန်သည်ကြီး များအသင်းနှင့် ပြည်နယ် လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းတို့မှ အလှူငွေများပေး အပ်လှူဒါန်းမှုကို သြဂုတ် ၃ ရက် နံနက် ၁၁ နာရီခွဲတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ လက်ခံရယူခဲ့သည်။           အလှူငွေများ လှူဒါန်းလက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထိန်ချုံးခရိုင်အနေဖြင့် မိမိတို့ ကချင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင်အသုံးပြုရန်အတွက် အောက်စီဂျင်စက်များကိုပို့ဆောင်ပေးနေသည့်အပြင် အိမ်နီးခြင်းကောင်း ပီသစွာများစွာအထောက်အကူပေးသည့်အပြင် ယခုလိုလာရောက်ထောက်ပံ့သည့် ကျေးဇူးတင်ရှိ ကြောင်းနှင့် ပြည်နယ်အတွက် လာရောက်ထောက်ပံ့သူများအလုံးကို ပြည်နယ်သူ/သားများကိုယ် စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။           ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ်  ၂           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသ‌ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်‌ဆောင်ရွက်နိုင်ရေးအတွက် သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။           အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရ မည့် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းမှူးက တပ်မတော်အနေဖြင့် ပြည်နယ်အတွင်းကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အပြည့်အဝပါဝင်ကူညီ ဆောင်ရွက်နေမှုများ၊ အောက်စီဂျင်လိုအပ်ချက်အတွက်…

Read More

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် နေကြသည့် အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ပေးရေးနှင့် ကူညီထောက်ပံ့မှုများပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၃၁           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်ရေးနှင့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကူးစက်မှုပျံ့ပွားမှုသည် လျော့နည်းကျဆင်းသွားခြင်း မရှိသေးဘဲ ကူးဆက်မှု မြင့်မားဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရာတွင် အဖွဲ့အစည်းအသီးသီးမှ ပါဝင်ကူညီနေကြ သည့် စေတနာ့ဝန်ထမ်းများအား တစ်ဦးချင်း စွမ်းရည်မြင့်မားလာစေရေးနှင့် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ…

Read More

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ကာလအတွင်း ပြည်နယ်ထွေ/အုပ်ဝန်ထမ်း များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေ များပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၃၁           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာ သည့်အတွက် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာမိသားစုများ၊ စားသောက်မှုခက်ခဲသော ဘာသာ ရေးကျောင်းများ၊ ပရဟိတကျောင်းများနှင့် နေရပ်စွန့်ခွာစခန်းများအတွက် အခြေခံစားသောက် ကုန်များကို ထောက်ပံ့ပေး လျက်ရှိရာ ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအား အခြေခံစား သောက်ကုန်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်တက်လာသည်နှင့်အမျှ ပြည်နယ်အ တွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ အပါအဝင် စားသောက်မှုခက်ခဲလျက်ရှိသော မိသားစုများ အတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ကို  မိမိတို့၏ ဝန်ထမ်းမိသားစုများ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ တပ်မတော်လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၃၀           ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီ တွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားနန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ယနေ့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မှာ တရုတ်ပြည်သူသမ္မတနိုင်ထုတ် Sinopharm အမှတ်တံဆိပ်ပါကာကွယ်ဆေး (၈၈၀၀)လုံးနှင့် Sinovacအမှတ်တံဆိပ်ပါ ကာကွယ်ဆေး (၁၅၇၃)လုံးတို့ဖြစ်ပြီး ကာကွယ်ဆေးများကို တပ်မတော် လေယာဉ်မှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးတို့က လက်ခံရယူခဲ့ကြပြီး လက်ခံရရှိသည့်…

Read More

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လက်ခံရယူ

မြစ်ကြီးနား     ဇူလိုင် ၃၀           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ပေးပို့လှူဒါန်း ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်း လက်ခံရယူခဲ့ကြသည်။           ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရထံမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းများ လက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ နိုင်ငံနှင့် နှစ်ပေါင်းများစွာ ရင်းနှီးချစ်ကြည် လာသည့် ဆွေမျိုးပေါက်ဖော်များထံမှ ယခုလို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များကို လက်တွဲဆောင်ရွက်ခွင့်ရသည့်အပြင် ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့သည့်အတွက်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အူဗျစ်ကျေးရွာ၌ ရပ်/ရွာအခြေပြုကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များတွင် အရေးပေါ် အသုံးပြုနိုင်ရေး Oxygen Concentrator စက်များပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများပြားလာ သည်နှင့်အမျှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်ရေးအ တွက် ရပ်/ရွာအခြေပြု ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင် များတွင် အရေးပေါ်အသုံးပြုရန်အတွက် Oxygen Concentrator ပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီ တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အာလမ်ကျေးရွာအုပ်စု၊အူဗျစ် ကျေးရွာနှစ်ခြင်းခရစ်ယာန် ကျောင်းဝင်းအတွင်း၌ ကျေးရွာတာဝန်ခံများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ ဆုံပြီး ကျေးရွာအတွင်း ကိုဗစ်-၁၉ ‌ရောဂါပိုးတွေ့လူနာတွေ့ရှိမှုအခြေအနေများနှင့် ရောဂါပိုးထိန်း ချုပ်နိုင်ရေးအတွက် ရပ်/ ရွာအခြေပြု ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးပေးနိုင်ရေး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊…

Read More

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလှူရှင်များ စုပေါင်း၍ ဆေးရုံးသုံးပစ္စည်းများ အပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော်လှူဒါန်း

မြစ်ကြီးနား     ဇူလိုင် ၂၉           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များက ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးရုံးသုံးပစ္စည်းများအပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော် ပေးအပ်လှူဒါန်းပွဲကို ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။           အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသရေးသည် မိမိတို့ပြည်နယ်ကောင်စီတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရသ ကဲ့သို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူအားလုံးက ပူးပေါင်းပါဝင်မှသာ အကောင်း မွန်ဆုံးနှင့်အသက်သာဆုံးထိန်းချုပ်ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း၊ယခုလိုကာလတွင် ပူးပေါင်း ပါဝင်ပြီး လှူဒါန်းကြသည့် အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များအားလုံးကို ပြည်နယ်သူ/သား…

Read More