
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲများပြုလုပ်
ပူတာအို ဧပြီ ၂၇ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၆ ရက်တွင် ပူတာအိုခရိုင်၊ ပူတာမြို့သို့ လေကြောင်းဖြင့် သွားရောက်ခဲ့ကြပြီး ခရီးစဉ်အတွင်း ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုး တက်ရေး၊ တည်ငြိမ်အေးချမ်းမှုရှိစေရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးလူငယ်သင်တန်းကျောင်းတွင် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ သို့ တက်ရောက်ပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို တရားဝင်ထုတ်ပြန်ကြေညာထားပြီး ဆောင်ရွက်လျက်ရှိသည့် အခြေ…