ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
မြစ်ကြီးနား သြဂုတ် ၃၁ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည်စီမံကိန်း လုပ်ငန်းများ လျာထားဆောင်ရွက်နိုင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ စီးပွားရေးလုပ် ငန်းများတိုးတက်မြင့်မားလာစေရေးတို့အတွက် ရေတို၊ ရေရှည် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် လုပ်ငန်းများအား စီမံချက်ရေးဆွဲ၍ လျာထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာ ရှင်များဖြစ်သည်နှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုအတွက် ပြည်သူများကို တိုက်ရိုက် အကျိုးပြုဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများဖြစ်စေရေးနှင့်…