
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များ ထောက်ပံ့၊ တတိယအကြိမ် စာအောင်ဆု နှင်းသဘင်အခမ်းအနားနှင့် မြစ်ကြီးနားမြို့တော်ခန်းမသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြားမှုခံယူနေသော ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများအတွက် စားသောက်ကုန်များကို ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လတ်တလောနယ်မြေအခြေအနေရ မြစ်ကြီးနားမြို့တွင် ရွေ့ပြောင်းနေထိုင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားနေသော ဆင်ဘိုနှင့် တာလောကြီး ကျေးရွာ များမှ ဆရာ/ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း Grade-12 ကျောင်းသား/ကျောင်းသူများအား မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ခန်းမသို့သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။ ထို့သို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တက္ကသိုလ်ဝင်တန်း ဖြေဆို…