admin

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ တစ်နှစ်တာအတွင်း ဦးစွာရရှိသည့် ကောက်ဦးစပါးဖြင့် ၂၀၂၂ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     နိုဝင်ဘာ ၂၅           ကချင်ပြည်နယ်အတွင်း ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး တစ်နှစ်တာ အတွင်း တောင်သူတို့၏လယ်ယာမှ ဦးစွာရရှိသည့် ကောက်ဦးစပါးပေါ်ချိန် N’lung (shat) N’nan Sha Poi(အင်လုံအင်နန်ရှားပွဲ)ဟု ခေါ်ဆိုသည့် ရိုးရာကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲ တော်ကို ကျင်းပလေ့ရှိရာ နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတောင်သူများ စုပေါင်းကာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော် ချီးမွမ်းပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ကြသည်။           ရှေးဦးစွာ ရိုးရာကောက်သစ်စားပွဲတော်ကို ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသူလေးများက လယ်ယာခြံထွက် သီးနှံများ…

Read More

၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများတွင် ပြည်နယ်အတွင်းရှိ ထူးခြားသည့် MSME လုပ်ငန်းများနှင့် ဒေသထုတ်ကုန်များ ဖော်ထုတ်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၄           ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း များနှင့် ပတ်သက်၍ ထူးခြားလုပ်ငန်းများနှင့် ထုတ်ကုန်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားများတွင် ဖော်ထုတ်ပြသနိုင်ရေးအတွက် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အေဂျင်စီအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က  ယနေ့နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များ…

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းသုံးစွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၃           နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ် ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တောင်သူများ လက်ဝယ်အရောက် လွှဲပြောင်းအပ်နှံနိုင်ရေးအတွက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်များ၊ လုပ်ထုံးလုပ်နည်း၊ နည်းစနစ်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ ရန်ပုံငွေများ ဆောင်ရွက် ကြမည့် အစုအဖွဲ့သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း လွှဲပြောင်းအပ်နှံ၍ လုပ်ငန်း…

Read More

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကချင်ပြည်နယ်မှ ဂုဏ်ပြုယာဉ်၊ ပြခန်းနှင့် ရိုးရာအစားအစာများကို လွတ်လပ်ရေးနေ့၏ အနှစ်သာရနှင့်အညီ ပြည့်ဝစုံလင်စွာ ထုတ်ဖော်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၂           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားအား ကချင်ပြည်နယ်မှ ဂုဏ်ပြုယာဉ်၊ ပြခန်းနှင့် ရိုးရာအစားအစာများကို လွတ်လပ်ရေးနေ့၏ အနှစ်သာရနှင့်အညီ ပြည့်ဝစုံလင်စွာ ထုတ်ဖော်ပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အထင်ကရနေရာများ၊ ထုတ်ကုန်ပစ္စည်းများနှင့် ရိုးရာအစားအစာများကို  (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားတွင် ဖော်ထုတ်ပြရာ၌ လွတ်လပ်ရေး နေ့၏ ရည်ရွယ်ချက်၊ အနှစ်သာရနှင့်အညီ ပြည့်ဝစုံလင်စွာဖြင့် ခမ်းနားထည်ဝါစွာပြသနိုင်ရေး အလေး ထားကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။           ဆက်လက်၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံမှုရှိစေရေးနှင့် ဒေသစီးပွားမြှင့်တင်နိုင် ရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်မည့် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပြီး မိုးစပါးစံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေး

ပူတာအို         နိုဝင်ဘာ ၂၁           ကချင်ပြည်နယ်၊ ပူတာအိုဒေသဝမ်းစာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသ စီးပွားမြှင့်တင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပူတာအိုမြို့သို့ ရောက်ရှိနေ သော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲကပူတာအိုမြို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်း၌ ပူတာအိုဒေသ အားကစားကဏ္ဍဖွံ့ဖြိုးရေး နှင့် လူငယ်များ အားကစား စိတ်ဝင်စားလာပြီး အားကစားစိတ်ဓာတ်ဖြင့် ဒေသအကျိုး၊ ပြည်နယ် အကျိူးသယ်ပိုးနိုင်ရေးအတွက် ပူတာအိုခရိုင် Old Star ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်ဘောလုံးကွင်း ပြေးလမ်းဖောက် လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲသို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသစီးပွားမြှင်တင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ မတည်ထူထောင်ပေးနိုင်ရေးနှင့် မချမ်းဘောမြို့နယ်အတွင်းရှိ တောင်သူများအတွက် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ပူတာအို         နိုဝင်ဘာ ၂၁           ကချင်ပြည်နယ်၊ ပူတာအိုဒေသ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသစီးပွားမြှင့်တင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပူတာအိုမြို့သို့ ရောက်ရှိ နေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၁၉ ရက်နေ့က မွေးမြူရေးတောင်သူ များနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်အတွင်းရှိ တောင်သူ ဦးဇာမဲဒီး၏ နို့စား နွားမွေးမြူရေးခြံ၌ နို့စားနွားများ မွေးမြူထားရှိမှုနှင့် နွားစာအဖြစ် နေဗွီယာမြက်ပင်များ စနစ်တကျ စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါရပ်ကွက်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများနှင့် တွေ့ဆုံသည်။           ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့…

Read More

(၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အ‌ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၁၉ “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက်ဆောင်ရွက်စို့”‌(Inclusion For Every Child) ဆောင်ပုဒ်ဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၉နာရီခွဲ က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမ တွင် ကျင်းပပြုလုပ်ရာ ကချင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ” မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်‌ရန် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များအတွက် အခွင့်အရေးများ ဖြစ်သည့် ‘အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် ‌ဒေသစီးပွားမြှင့်တင်ပေးနိုင်‌ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ခေါင်လန်ဖူး    နိုဝင်ဘာ ၁၉           မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ဒေသစီးပွားမြှင့်တင်ပေးနိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နိုင်ဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နောင်မွန်းမြို့မှ တစ်ဆင့် ခေါင်လန်ဖူးမြို့သို့ မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း မော်တော်ယာဉ်တန်း ဖြင့် ထွက်ခွာခဲ့ကြပြီး အမြင့်ပေ ၇၇၀၀ ရှိ ဆန်းလွတ်ချက်တောင်ထိပ်၌ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထို့နောက် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ထလားလော်‌ကျေးရွာသို့ ရောက်ရှိပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်းအတွင်း ပေ ၈၀…

Read More

ပူတာအိုခရိုင်အတွင်း မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ အရှည်ပေ (၅၉၀) မဂွေဇတံတားဖွင့်လှစ်၊ နောင်မွန်မြို့နယ်အတွင်း ကဆန်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး ဒေသခံများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ လွှဲပြောင်းပေးအပ်

နောင်မွန်း       နိုဝင်ဘာ ၁၉ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသည့် နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့ကို ချိတ်ဆက်ထားသော မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခချောင်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တည်ဆောက်ထားပြီးစီးခဲ့သည့် တံတားအမှတ် (၂/၁) မဂွေဇတံတား အရှည်ပေ ၅၉၀ ပေ(၁၈၀ စင်တီမီတာ) တံတားသစ်ဖွင့်ပွဲ အခမ်း အနားကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီက အဆိုပါ တံတား၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးကြသည်။           တံတားဖွင့်ပွဲအခမ်းနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသခံပြည်သူများနှင့် နောင်မွန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပူတာအိုခရိုင်အတွင်း ဆန်ရိက္ခာလုံ လောက်မှုရှိစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်…

Read More

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ်အခမ်းအနား မြစ်ကြီးနားမြို့၌ကျင်းပ ဆုရရှိသူများအား ဆုများချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၁၇ “နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို  နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ  ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ဖတ်ကြားသည်။ ထို့နောက် မြစ်ကြီးနားတက္ကသိုလ် သမိုင်းဌာနပါမောက္ခ ဌာနမှူး ‌ဒေါက်တာအမ်ရွယ်နှောင်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ဟောပြောပြီး၊ မြစ်ကြီးနားပညာရေးဒီဂရီ ကောလိပ်နည်းပြဆရာမ ဒေါ်ဇင်ယော်မေက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် တေးသရုပ်ဖော် အကဖြင့်လည်း‌ကောင်း၊ မြစ်ကြီးနားမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များက “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်”နှင့် “Grai Jaw ai Mungdan”…

Read More