admin

ဦးတိန့်ဆောင်

အမည် ၊ ဦးတိန့်ဆောင် အဘအမည် ၊ ဦးမန်ရှန်ဘောမ်တိန့် လူမျိုး/ ဘာသာ ၊ ကချင်(လာချိဒ်)/ ခရစ်ယာန် မွေးသက္ကရာဇ် ၊ (၁၇-၂-၁၉၆၃)ခုနှစ် မွေးဖွားရာဇာတိ ၊ ဖောင်းဆိုင်အုပ်စု၊ မုံးကိုးမြို့၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်နယ်။ ပညာအရည်အချင်း ၊ ဝိဇ္ဇာဘွဲ့(သမိုင်း) စတင်တာဝန်ထမ်းဆောင်သည့်နေ့ ၊ (၁၈-၂-၂၀၂၁)ရက်နေ့

Read More

ဦးခက်ထိန်နန်

အမည် ၊ ဦးခက်ထိန်နန် အဘအမည် ၊ ဦးခက်လ လူမျိုး/ ဘာသာ ၊ ကချင်/ ခရစ်ယာန် မွေးသက္ကရာဇ် ၊ (၁-၄-၁၉၅၉)ခုနှစ် မွေးဖွားရာဇာတိ ၊ မရမ်း၊ မိုးကောင်းမြို့နယ်။ ပညာအရည်အချင်း ၊ B.Sc(Zoo), Dip in Agri, D.Min (Diploma of ministry) စတင်တာဝန်ထမ်းဆောင်သည့်နေ့ ၊ (၁၈-၂-၂၀၂၁)ရက်နေ့

Read More

ရဲမှူးကြီးဉာဏ်မြင့်ကျော်

အမည် ၊ ရဲမှူးကြီးဉာဏ်မြင့်ကျော်အဘအမည် ၊ ဦးကျော်သောင်းလူမျိုး/ ဘာသာ ၊ ဗမာ/ ဗုဒ္ဓမွေးသက္ကရာဇ် ၊ (၉-၉-၁၉၆၉)ခုနှစ်မွေးဖွားရာဇာတိ ၊ ရန်ကုန်မြို့။ပညာအရည်အချင်း ၊ ဝိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး)စတင်တာဝန်ထမ်းဆောင်သည့်နေ့ ၊ (၁-၈-၂၀၂၁)ရက်နေ့

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဘာသာရေးအဖွဲ့အစည်းများထံ ခရစ္စမတ်ဂါဝရပြုလက်ဆောင်များ သွားရောက်ပေးအပ်လှူဒါန်း

မြစ်ကြီးနား     ဒီဇင်ဘာ ၂၈           ၂၀၂၁ ခုနှစ် ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်အားပေးကြသည်။           အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို တိုင်းဒေသကြီး/ ပြည် နယ်အေးရိုးဗစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့် ကြိုတင်ကျင်းပပြု လုပ်ခြင်းဖြစ်ကာ ပြည်နယ်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုခရိုင်တို့မှ ပြိုင်ပွဲ ဝင်ကစားသမားများက တစ်ဦးချင်းစိတ်ကြိုက် စွမ်းရည်ပြယှဉ်ပြိုင်ကစားခြင်းနှင့် အခြေခံစနစ်သစ် (၅)ယောက်တွဲနှင့် အဆင့်မြှင့်စနစ် (၃)ယောက်တွဲ ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထို့နောက်…

Read More

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား    ဒီဇင်ဘာ ၂၇           ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ညှိနှိုင်းဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ သာမန်အသုံးစရိတ်များကို ညွှန်ကြားချက်များနှင့်အညီ အသုံးပြုနိုင်ရေး ရေးဆွဲ ဆောင်ရွက်ရာတွင် ငွေလုံး/ ငွေရင်းလုပ်ငန်းများကို ဒေသန္တရစီမံကိန်းတွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားနိုင်ရေးနှင့် ပြည် ထောင်စုအစီအစဉ်တွင် ပါဝင်သည့် လုပ်ငန်းများအား ပြည်နယ်ရန်ပုံငွေတွင် ပါဝင်မှုမရှိစေရေး စိစစ်ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များသို့ ဆုတောင်းမေတ္တာနှင့် ကောင်းချီးတောင်းခံခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ခရစ္စမတ်ဂါဝရပြုလက်ဆောင်များ ပေးအပ်လှူဒါန်း

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့ပေါ် ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များသို့ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ဂါဝရပြုလက်ဆောင်များကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက် ပေးအပ်လှူဒါန်း ခဲ့ကြပြီး ဆုတောင်းမေတ္တာနှင့် ကောင်းချီးတောင်းခံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ သယံ ဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစု မြောက်ရပ်ကွက်ရှိ ဝန်းသိုကျောင်းတိုက်သို့ သွားရောက်ပြီး ဝန်းသိုကျောင်းဆရာတော်အား ဖူးမျှော် ကြည်ညိုကာ သာသနာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားတင်ပြကြပြီး ခရစ္စမတ်အထိမ်း အမှတ် ဂါရဝပြုလက်ဆောင်ကို ဆက်ကပ်လှူဒါန်းကာ ဆုတောင်းမေတ္တာပို့သမှုကို ခံယူခဲ့ကြပြီး ခေမာသီရိရပ်ကွက်ရှိ ခေမာသီဝံကျောင်းတိုက်သို့ ဆက်လက်သွားရောက်ပြီး ကျောင်းထိုင်ဆရာ တော်အား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေး၊ လေဆိပ်ရှေ့ပန်းခြံဆောင်ရွက် နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်းဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၄           ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ရေစင်ကွင်းဈေး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ လေဆိပ်ရှေ့ပန်းခြံ ဆောင်ရွက်နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်း ဖွင့်လှစ်ရောင်းချနိုင်ရေးတို့အတွက် ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရေစင်ကွင်းဈေး အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ရေစင်ကွင်းဈေးအား မြို့အင်္ဂါရပ်နှင့်အညီ  ဈေးရောင်း/ ဈေးဝယ်များ စနစ်တကျဖြင့် ရောင်း/ဝယ်မှု ဆောင်ရွက်နိုင်ရေး၊ ယာဉ်ကြီးယာဉ်ငယ်များ ပိတ်စို့ရပ်တန့်မှု မဖြစ်ပေါ်စေရေးတို့ အတွက်ကြီးမားကျယ်ပြန့်သည့် ကားပါကင်ပါသည့် အဆောက်အဦအဖြစ် အဆင့်မြှင့်တင်ဆောက် လုပ်သွားနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြဖွံ့ဖြိုးလာမှုနှင့်အတူ ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်သွားရေး၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ပြည်နယ်အတွင်းစွမ်းစွမ်း တမံတာဝန်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပေးအပ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲနှင့် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၄           ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ တွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံထူးချွန်စွာထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက် နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ပြည်နယ် အတွင်း စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် စွမ်းစွမ်းတမံထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ အား ထိုက်တန်စွာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက မြစ်ကြီးနားတက္ကသိုလ်နှင့် ပြည်နယ် ဥပဒေချုပ်ရုံး မိသားစုများ၏ ခရစ္စမတ်ပွဲတော်များသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၃           ကချင်ပြည်နယ်အတွင်း ခရစ်တော်၏ မွေးနေ့ကာလတွင် ဘုရားကျောင်းများ၊ ရုံးအဖွဲ့အ အစည်းများတွင် ခရစ္စမတ်နေ့အထိမ်းအမှတ် ပွဲတော်များကို ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှေ့၌ ကျင်းပပြုလုပ်သော ခရစ္စမတ်ပွဲတော် ဝတ်ပြုစုတောင်းခြင်း အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။           မြစ်ကြီးနားတက္ကသိုလ် ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းခြင်း အခမ်းအ နားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာကြီးများနှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဘာသာရပ်အလိုက်ပါမောက္ခများ၊ ဝန်ထမ်းများတက်ရောက်ကြပြီး အခမ်း အနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲ ကျင်းပပြီး မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၂           ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလလူထုကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တစ်ရပ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၆ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့အားကစားကွင်း ရှေ့စုရပ်မှ စတင်တာထွက် လမ်းလျှောက်ကြသည်။           လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် နေပြည်သူများ စုပေါင်း၍ ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ ဆွမ်ပရာဘွမ်လမ်း၊ ကျောက်စိမ်းတုံးမီးပွိုင့်မှ ဆမားလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ရုံးကြီးလမ်းအတိုင်း တစ် ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (Physical Fitness Dance)ကို စုပေါင်းဆောင်ရွက်ခဲ့ကြကာ လမ်းလျှောက်ပွဲတွင်…

Read More