ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရေး သက်ကြီးများပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်
မြစ်ကြီးနား သြဂုတ် ၅ ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှု အပြည့်အဝပေး နိုင်ရေး သက်ကြီးများပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်း၍ ကူညီစောင့်ရှောက်သွားမည်ဖြစ် ကြောင်း သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။ အဆိုပါ လူမှုအားမာန်အဖွဲ့များအနေဖြင့် တက်ကြွစွာပါဝင်နိုင်သည့် သက်ကြီးများဦးဆောင်၍ အသက် ၅၅ နှစ်နှင့်အထက် သက်ကြီး (၇၀) ရာခိုင်နှုန်း၊ လူငယ်လူလတ်ပိုင်း ၃၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်းနှင့် မသန်စွမ်းသူများနှင့်အခြားထိခိုင်လွယ်သူများဖြင့် ပါဝင်ဖွဲ့စည်း၍ သက်ကြီးဘိုး/ဘွားများအတွက် ကျန်းမာရေးနှင့်ပြုစုစောင့်ရှောက်ရေး၊ အသက်မွေးဝမ်းကြောင်း၊ လူမှု ဝန်ထမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း ကဏ္ဍ(၃)ရပ်ဖြင့် မြို့နယ်အလိုက် ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း…