နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် ဒေသတွင်းအသားစားသုံးမှု ဖူလုံပိုလျှံစေရေး ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
မြစ်ကြီးနား ဇန်နဝါရီ ၂၉ ရက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ရင်းနှီးမတည်ပေးပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးနှင့် ထုတ်ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာ စီမံကိန်းလုပ်ငန်းများ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ အုပ်စု၊ ငအိုးကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ရင်းနှီးမတည်မှုဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော ပိုင်ရှင် ဦးဆင်ဝါးနော်၏ ခြံ၌ ကြက်ခြံ (၂)ခြံ…