ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းမှုကို လက်ခံ ရယူပြီး ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
မြစ်ကြီးနား စက်တင်ဘာ ၂၀ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင် များမှ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကုသရေးသုံးပစ္စည်းများ လှူဒါန်းမှုကို လက်ခံရယူပြီး ပြည်နယ်အတွင်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ထောင်ဖွင့်လှစ်နိုင် ရေးအတွက် လျာထားမြေနေရာကြည့်ရှုစစ်ဆေးခြင်းကို စက်တင်ဘာ ၂၀ ရက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဘိန်းအစားထိုးစံပြလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ သည့် မူဆယ်မြို့အခြေစိုက် ရွှေလျှက်ကုမ္ပဏီလီမိတက်နှင့် ရွှေလီမြို့၊ ဟုန်ဖွာကုမ္ပဏီလီမိတက်တို့ မှ ကိုဗစ်-၁၉ ကာကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွက် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်…