Tags :ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံ လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၉ မြစ်ကြီးနား     သြဂုတ် ၂၉           ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် – ၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးနိုင် ရေးအတွက် ဒုတိယအသုတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို သြဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က သွားရောက်လက်ခံကြည့်ရှုစစ်ဆေးခဲ့ကြသည်။    &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်

မြစ်ကြီးနား     သြဂုတ် ၂၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက  သြဂုတ် ၂၈ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီး တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီသို့ ဦးဘောမ်လမ်းနှင့် မစ္စတာလီဝေ(မြန်မာဟိန်ယကုမ္ပဏီ)တို့မှ လှူဒါန်းသည့် အောက်စီဂျင်စက် ၁ လုံးနှင့် ဝယ်ယူသည့် အောက်စီဂျင်စက်

မြစ်ကြီးနား     သြဂုတ် ၂၇           ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဝယ်ယူထား သည့် အောက်စီဂျင်စက် ၂ လုံးအပါအဝင် ဦးဘောမ်လန်းနှင့် မစ္စတာလီဝေတို့မှ လှူဒါန်းသည် အောက်စီဂျင်စက် ၁ လုံးတို့ကို သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်မြစ်ကြီးနားမြို့ရေကြီးရေလျှံမှုဖြစ်ပေါ်နေသေရပ်ကွက်များအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၇           မြစ်ကြီးနားမြို့တွင် လတ်တလော မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့၏ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ‌ရေဝပ်ရေလျှံမှုဖြစ်ပွားခဲ့ရာ သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပင်မရေနှုတ်မြောင်းများ အပါအဝင် ရေနှုတ်မြောင်းငယ်များအားလုံး ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူမျာနှင့်အတူ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဒုတိယ အင်ဂျင်နီယာမှူး ဦးမျိုးဝင်းက မြစ်ကြီးနားမြို့ရှိ ပင်မရေနှုတ်မြောင်းကြီးအပါအဝင် မိုးရေနှင့် ရေဆိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအားနှင့် နှစ်စဉ်ရေကြီး နစ်မြုပ်သောဧရိယာများ တွင် ကွင်းဆင်းစစ်ဆေးကာ ဆောင်ရွက်ရမည့် ကိစ္စရပ်များအား တင်ပြမှုကိူ သိလိုသည်များ ဖြည့်စွက်မေးမြန်းခဲ့ကြသည်။ ထို့နောက် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၆           ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေးတိုးမြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို သြဂုတ် ၂၆ ရက် တွင် ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန် ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ဈေး၌ ဈေး ရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသတွင်း ဆန်ရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပူတာအို        သြဂုတ် ၂၆           ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး နှင့် ဒေသတွင်း ပြည်သူများအတွက် ဆန်စားသုံးမှု ဖူလုံစေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု များကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၅ ရက်တွင် ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့သည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် မချမ်းဘောမြို့နယ်များအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပူတာအို        သြဂုတ် ၂၅           ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၄ ရက်တွင် ပူတာအိုမြို့နယ်အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်း ဖောက်လုပ်နေမှုနှင့် မချမ်းဘောမြို့နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။      &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးမျိုးစိုက်ထည့် ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား    သြဂုတ် ၂၄           ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၃ ရက်တွင် ပူတာအိုမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ နံနက် ၇ နာရီခွဲတွင် ပူတာအိုမြို့ မြို့မဈေး၌ Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသ‌ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသူများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၂၃           ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ရေးတို့အတွက်  သြဂုတ် ၂၂ ရက်တွင် ပူတာအိုသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ပြီး မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံပွဲကျင်းပသည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၂၁ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးမျိုးဆွေ နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သြဂုတ် ၂၁ ရက်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မန္တလေး-လားရှိုး – ဗန်းမော် -မြစ်ကြီးနား လမ်းပေါ်ရှိ တံတားအမှတ် (၂/၄၈၆) ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ရှေးဦးစွာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီမြစ်ကူး တံတား ဗလမင်းထင်တံတားအမှတ်(၂) မြေစမ်းသပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တံတား ချဉ်းကပ်လမ်းမြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားအထူးအဖွဲ့(၁) ရှင်းလင်းဆောင်တွင် ဗလမင်းထင်တံတားအမှတ်(၂) လျာထားတံတားအူကြောင်းပြပုံနှင့့် တံတားပုံစံငယ်အား ကြည့်ရှုစစ်ဆေးပြီး အဆိုပါတံတား တည်ဆောက်နေမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းဦးစီးဌာနနှင့် တံတားအထူးအဖွဲ့(၁)မှ တာဝန်ရှိသူများက လက်ရှိအသုံးပြုလျက်ရှိသည့် […]Read More