
မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီတည်ထားကိုးကွယ်နိုင်ရေး ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
မြစ်ကြီးနား ဇွန် ၂၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဝန်းသိုဘုန်းတော်ကြီးကျောင်းလမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး အတွက် ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ်အလှူတော်ငွေ ပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကို ဇွန် ၂၉ ရက် နံနက် ၈ နာရီက အဆိုပါစေတီတော် တည်ထား ကိုးကွယ်မည့် ဝတ္တကမြေနေရာ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ ထံမှတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာ တော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊…